“မြန်မာနိုင်ငံ၏ စတော့စျေးကွက်အကြောင်းသိကောင်းစရာဆွေးနွေးပွဲ”တွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးက အဖွင့်အမှာစကား ပြောကြားစဉ် (၂၅-၈-၂၀၁၈)
မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီနှင့် Daiwa Securities Group တို့ ပူးပေါင်း၍ “မြန်မာနိုင်ငံ၏ စတော့စျေးကွက်အကြောင်း သိကောင်းစရာဆွေနွေးပွဲ” အား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ International Business Centre (IBC) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေနွေးပွဲတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်တင်မေဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူ (၉၀) ဦး တက်ရောက်ခဲ့ကြပါသည်။