မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်နှင့် ရန်ကုန်စတော့အိပ်ချိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် Allen & Gledhill တို့မှ ကြီးမှူးပြီး “Seminar on Stock Exchange Development in Myanmar” ဆွေးနွေးပွဲကို ၂၀၁၇
ခုနှစ်၊ မတ်လ ၁၆ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်မှ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေရေးရားနှင့်
အဖွဲ့အစည်းဆိုင်ရာ အခြေခံ အဆောက်အအုံနှင့်သင့်တင့်မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော အရင်းအနှီးဈေးကွက် ဖြစ်ထွန်းပေါ်ပေါက်စေရန် အတွက် ကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို
ဆွေးနွေးပြောကြားခဲ့ပြီး Allen & Gledhill မှ Managing Director ဖြစ်သော ဦးမင်းနိုင်ဦးမှလည်း အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လက်တွေ့ ကျကျစဉ်းစားသင့်
သော အချက်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့ နောက် တက်ရောက်လာကြသူများမှ သိလိုသည်များ မေးမြန်းရာ ကော်မရှင်အဖွဲ့ဝင် ဦဌေးချွန်မှ ပြန်လည်ဖြေကြားပြီး ဆွေးနွေးပွဲကို မွန်းလွဲ ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့  ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ ၀န်ထမ်းများ၊ စာရင်းဝင်ကုမ္ပဏီများ၊အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ၊အများနှင့်မသက်ဆိုင်သောကုမ္ပဏီများ၊ပုဂ္ဂလိက ဘဏ်
များမှ တာဝန်ရှိပုဂ္ဂိုလ်များ အစိုးရကဏ္ဍမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ စုစုပေါင်း (၁၆၃) ဦး တက်ရောက်ခဲ့ပါသည်။