ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး (SECM) ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု အရည်အသွေးမြှင့်တင်ရေးအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ဌာနတွင်းအလုပ်ရုံ ဆွေးနွေးပွဲအား (၁၈-၇-၂၀၂၂) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အရာထမ်း၊အမှုထမ်းစုစုပေါင်း (၅၃)ဦး တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ SECM ၏ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကား ပြောကြား၍ မူဝါဒရေးရာဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အိစိန်စိန်ကြွယ်က ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအရေအတွက်တိုးပွားလာစေရေး အထောက်အကူပြုရန်နှင့် မြန်မာနိုင်ငံ၏ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးမှုအားကောင်းလာစေရေးတွန်းအားပေးရန် IFC ၏ နည်းပညာ အကူအညီဖြင့် DICA, YSX, IFC နှင့် SECM တို့မှ ကိုယ်စားလှယ်များပါဝင်သော လုပ်ငန်းအဖွဲ့ ( CG Team) ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၅-၄-၂၀၁၉ နေ့တွင် ထုတ်ပြန်ခဲ့သည့် မြန်မာကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း ၂၀၁၈ အရ မြန်မာကုမ္ပဏီများ၌ ကျင့်သုံးနေသော ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုအလေ့အထများကို စိစစ်အကဲဖြတ်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချခဲ့ပါသည်။

နောက်ဆုံးရသတင်းများ