မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် DECHA&CO Limited (Myanmar) တို့မှ ကြီးမှူးကျင်းပသည့် “Workshop on Issuance of Foreign Currency Bond” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် DECHA & CO Limited (Myanmar)တို့မှ မြန်မာနိုင်ငံ၏ Foreign Currency Bonds Market ပေါ်ထွန်းလာရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်နှင့် Policy Maker များ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့မှ (၃) ရက်နေ့အထိ ရန်ကုန်စတော့အိတ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ Export- Import Bank of Thailand(EXAM)၊ Ministry of Finance of the Lao၊ EDL-Generation Public Company of  the Lao PDR ၊ Lighthouse  Asia Limited၊  TRIS Rating Co.Ltd၊  Decha & Co  Limited   (Thailand)၊  Allen &  Overy  Law Firm of  Thailand တို့နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်း၊  မြန်မာ့စီးပွားရေးဘဏ်၊ ငွေချေးသက်သေခံလက်မှတ်  လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်  လုပ်ငန်းကုမ္ပဏီ  တို့မှ  တာဝန်ရှိသူများနှင့်  သင်တန်းသားများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များမှ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားငွေဖြင့် ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချနိုင်မည့် အခွင့်အလမ်းများ၊ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လိုက်နာရမည့် စည်းမျည်းစည်းကမ်းများ၊ နိုင်ငံတော်မှ ရရှိမည့် အကျိုးကျေးဇူးများနှင့် တွေ့ကြုံနိုင်သော စိန်ခေါ်မှုများကို ဆွေးနွေးပို့ချခဲ့ပါသည်။

 

နောက်ဆုံးရသတင်းများ