လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန် အသိအမြင်ဖွင့်ဆွေးနွေးပွဲကျင်းပပြုလုပ်

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရေးအတွက် Knowledge Sharing Program ကို ၁၂-၇-၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Knowledge Sharing Program တွင် ကော်မရှင်အဖွဲ့ဝင် ဦးသိန်းမြင့်က “Major Financial Statement and Other Information Source” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ကော်မရှင်ရုံးမှ အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြကာ အစီအစဉ်ကို မွန်းလွဲ ၁၂:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ