၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၌ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဖတ်(စ်)မြန်မာအင်ဗက်(စ်)မဲ့(န်) အများနှင့်သက် ဆိုင်သည့် ကုမ္ပဏီလီမိတက်၏အစုရှယ်ယာများကို ၂၅.၃.၂၀၁၆ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယစာရင်းဝင် ကုမ္ပဏီဖြစ်သော မြန်မာ သီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို ၂၀.၅.၂၀၁၆ ရက်နေ့တွင် လည်းကောင်း၊ တတိယစာရင်းဝင် ကုမ္ပဏီဖြစ်သော မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို ၂၆.၈.၂၀၁၆ ရက် နေ့တွင် လည်းကောင်း၊ စတုတ္ထစာရင်းဝင် ကုမ္ပဏီဖြစ်သော ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ အစုရှယ်ယာများကို ၂၀.၁.၂၀၁၇ ရက်နေ့တွင် လည်းကောင်း၊ ပဉ္စမစာရင်းဝင်ကုမ္ပဏီဖြစ်သော တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို ၂၆-၁-၂၀၁၈ ရက်နေ့တွင်လည်းကောင်း၊ ဆဋ္ဌမမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်သော ထာဝရနဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော)လီမိတက်၏ အစုရှယ်ယာများကို ၂၈-၅-၂၀၂၀ရက်နေ့တွင်လည်းကောင်း၊ သတ္တမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်သော အမတ ဟိုး(လ်)ဒင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို ၃-၆-၂၀၂၁ ရက်နေ့တွင် လည်းကောင်း စာရင်းဝင်အစုရှယ်ယာများအဖြစ် ဈေးကွက်သို့ စတင်ရောင်းဝယ်ခွင့်ပြုခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း၏ သက်တမ်းသည် အလွန်နုနယ်သေးပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများ၊ ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများ ၊ စာရင်းဝင် အများ နှင့်သက်ဆိုင်သောကုမ္ပဏီများနှင့် တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အရင်းအနှီး စျေးကွက်ဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတလိုအပ်ချက်များ ရှိနေဆဲဖြစ်ပါသည်။
ဤလိုအပ်ချက်များကို ဖြည့်ဆည်းကုစားပေးနိုင်ပါရန် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်သည် ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးလျက် ရေတို၊ ရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအရင်းအနှီးစျေးကွက်ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် အဓိက ပါဝင် ဆောင်ရွက်လျက်ရှိကြသည့် စာရင်းဝင် ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စိတ်ပါဝင်စားသူ ပြည်သူများအားလုံး တူညီသောစိတ်ဓါတ်များဖြင့် ကော်မရှင်၏ ဦးဆောင်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်။
လိပ်စာ | : | အမှတ်(၂၁-၂၅)၊ မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး)၊ ဒုတိယနှင့် တတိယထပ်၊ ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ |
---|---|---|
ဖုန်းနံပါတ် | : | ၀၁ - ၃၇၃၉၅၉
၀၁ - ၃၈၆၆၀၉ |
ဖက်စ်ဖုန်းနံပါတ် | : | ၀၁ - ၃၇၀၁၀၀ |
အီးမေးလ် | : | secm.myanmar@gmail.com |
© Copyright 2022 SECM. All rights reserved.
For those who interested in providing information for Securities and Exchange Commission(SECM)
Please read the below “Instructions” and agree with the contents before providing for SECM.
ကော်မရှင်သို့ သတင်းပေးတိုင်ကြားရန် စိတ်ပါဝင်စားသူများ Sign Up ပြုလုပ်ရန်
ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်ချက်ကို သဘောတူညီပြီးမှသာ ကော်မရှင်သို့ သတင်းပေးပို့ပါရန်။