ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးအကြံပေးကော်မတီတတိယအကြိမ် အစည်းအဝေးကျင်းပ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်
၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်“ကော်ပိုရိတ်စီမံအုပ်ချုပ်မှု စနစ်ပြုပြင်ပြောင်းလဲရေး၏ အကြံပေး ကော်မတီတတိယအကြိမ်အစည်းအဝေး”အား ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးအကြံပေးကော်မတီ မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအမိန့်ကြော်ငြာစာထုတ်ပြန်ရန်နှင့်စပ်လျဉ်း သည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့အကြံပေးကော်မတီ အဖွဲ့ဝင်များနှင့်သက်ဆိုင် ရာအဖွဲ့အစည်းများမှဖိတ်ကြားထားသောဧည့်သည်များစုစုပေါင်း၃၀ဦးခန့်တက်ရောက်ခဲ့ကြပါသည်။