ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM) , International Finance Corporation (IFC) နှင့် Yangon Stock Exchange (YSX) တို့ ပူးပေါင်း၍ (၉.၃.၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကျားမ တန်းတူညီမျှရေးအတွက် အချက်ပေးခေါင်းလောင်းတီးပွဲ(Ring the Bell For Gender Equality 2018) အခမ်းအနား
ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင်ဖြစ်သော (IFC) ၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ် ငန်းကြီးကြပ်ရေးကော်မရှင် (SECM) နှင့် ရန်ကုန်စတော့အိတ်ချိန်း (YSX) တို့သည် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကျင်းပရေးတွင် “ကျားမတန်းတူညီမျှရေးအတွက် အချက် ပေးခေါင်းလောင်းတီးခြင်း” အစီအစဉ်ကို ကမ္ဘာတဝှမ်း တွင်ရှိသော စတော့အိတ်ချိန်းများနှင့် ပူးပေါင်းပါဝင်ဆင်နွှဲလျက်ရှိပါသည်။ ဤသို့ပါဝင်ဆောင်ရွက်မှုသည် ကမ္ဘာ့စီးပွားရေးတွင် အမျိုး သမီးများ ပါဝင်လာရေးနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရန် ပုဂ္ဂလိကကဏ္ဍအနေဖြင့် မည်သို့ အားပေးပံ့ပိုးနိုင်ကြောင်းကို မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနှင့် စီးပွားရေးဆိုင်ရာ အရင်းအမြစ် များတွင် အမျိုးသမီးများ၏ စွမ်းရည်ကို အနည်းဆုံး အသုံးပြုလျက်ရှိကြောင်း တွေ့ရသည်။ ကမ္ဘာ့ စီးပွားရေးဖိုရမ် ၂၀၁၇ အစီရင်ခံစာအရ ကမ္ဘာ့ ကျားမ တန်းတူ မညီမျှမှု လိုအပ်ချက်အတွက် အနည်း ငယ် ထိရောက်စွာ ဆောင်ရွက်ရုံဖြင့်ပင် ခိုင်မာအား ကောင်းသော ရလဒ်များကို လျင်မြန်စွာ ရရှိနိုင်မည့်အပြင် လာမည့် (၇) နှစ်အတွင်း နိုင်ငံများ၏ ပြည်တွင်းစုစုပေါင်း ထုတ်ကုန် (GDP) ကို ၅.၃ ထရီလျန် အထိ မြှင့်တင်နိုင်ရန် အလားအလာရှိပါသည်။ အမျိုးသမီးအရင်းအမြစ်များကို အသုံးချခြင်း မရှိသော စာရင်းဝင် ကုမ္ပဏီများအတွက် အခွင့်အလမ်းဆုံးရှုံးမှုစရိတ် ကြီးမားသည်ကို တွေ့ရှိရပါသည်။ ဥပမာ – ဘုတ်အဖွဲ့တွင် လည်းကောင်း၊ အကြီးတန်း ခေါင်းဆောင်မှု ရာထူးများ တွင် အမျိုးသမီးများ ထပ်တိုးခန့်ထားခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများကို ရရှိနိုင်ပါသည်။
ယခုနှစ်၏ အချက်ပေးခေါင်းလောင်းတီးခြင်း အစီအစဉ်များတွင် စတော့အိန်ချိန်းပေါင်း ၆၀ ကျော်ပါဝင်ပါသည်။ ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများကို ၎င်းတို့၏ ကျားမတန်းတူညီမျှရေး တွင် ရပ်တည်မှုကို အများပြည်သူရှေ့တွင် ရပ်တည်ပြသရန် တိုက်တွန်းလှုံ ဆော်ပါသည်။ ၎င်းတို့မှာ အလုပ်နေရာ၊ စျေးကွက်နှင့် လူမှုအသိုက်အဝန်း များတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်များဖြစ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများကို သဘောတူလက်မှတ် ရေးထိုးခြင်း စသည် တို့ဖြစ်သည်။
“ကျားမတန်းတူညီမျှရေးအတွက် အချက်ပေးခေါင်းလောင်းတီးခြင်း အစီအစဉ်ကို ရန်ကုန် စတော့အိတ်ချိန်းခန်းမမှာ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပြီး ဒီအစီအစဉ်ကို ဆောင်ရွက်ရခြင်း အတွက် ကျွန်မတို့ ဂုဏ်ယူပါတယ်” ဟု မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးက ပြောကြားပါ သည်။ ဒီပဏာမ ခြေလှမ်းက မြန်မာနိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီတွေမှာ ကျားမတန်းတူညီမျှရေးကို ဆက်လက်နှိုးဆော် ဆောင်ရွက် သွားဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ် ဟု ဆက်လက်ပြောကြားပါသည်။
Business Coalition for Gender Equality, Myanmar Institute of Director (MIOD) , Professional Women Network (PWN) , Women Corporate Directors (WCD) နှင့် Myanmar Chapter တို့အပါအဝင် မြန်မာနိုင်ငံတွင် ထင်ရှားသော အဖွဲ့အစည်း အများအပြားသည် ဤအစီအစဉ်အတွက် IFC , SECM , YSX တို့နှင့် ပူးပေါင်းပါဝင်ခဲ့ပါသည်။
“သုတေသနပြုချက်တွေအရ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်တာဟာ မှန်ကန်တဲ့လုပ်ရပ်တင်မကပါဘူး။ အလွန်ကောင်းမွန်သောလုပ်ရပ်လည်း ဖြစ်ပါတယ်။ အဲ့တာဟာ တိုင်းပြည်ရဲ့ စုစုပေါင်းထုန်ကုန် GDP ၊ ကုန်ထုတ်စွမ်းအား၊ ရင်းနှီးမြှုပ်နှံမှုကနေ ပြန်ရတဲ့အကျိုး အမြတ်တွေကို တိုးမြင့်စေပြီး အဖွဲ့အစည်းတွေရဲ့ စွမ်းရည် ထိရောက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ် ဟု” IFC ၏ မြန်မာနိုင်ငံ ဌာနကိုယ်စားလှယ် Vikram Kumar က ပြောကြားပါသည်။ ကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ ထိပ်ဆုံး အထိ ကျားမတန်းတူ ညီမျှရေးကို နှိုးဆော်ရာမှာပါဝင်မဲ့ စတော့ အိတ်ချိန်းတွေရဲ့ ပူးပေါင်းပါဝင်တဲ့အသံကို IFC က ကြိုဆိုပါတယ် ဟု ဆက်လက်ပြောကြား ခဲ့ပါသည်။
IFC သည် အခြေခံအကျိုးအမြတ်ရရှိရန် ပံ့ပိုးမှုများပေးသော အမျိုးသမီးများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရှိသော ကုမ္ပဏီများဖြင့် အလုပ် လုပ်ကိုင် ဆောင်ရွက်ကာ မတူကွဲပြားစုံလင်စွာ ပါဝင်သော စီးပွားရေးကောင်းဖြစ်လာရန်အတွက် ပံ့ပို့ပေး ပါသည်။ IFC ၏ ပံ့ပိုးမှုများကို ဘဏ္ဍာရေးအဖွဲ့အစည်းပေါင်း ၁၀၀၀ ကျော်နှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ အမျိုးသမီးစွန့်ဦးတီထွင်သူများအတွက် ဘဏ္ဍာငွေရရှိနိုင်မှု ချဲ့ထွင်ရန် တန်းတူ ညီမျှရေး ရန်ပုံငွေများ ဖော်ထုတ်ခြင်းတို့ကို မြှင့်တင် ခြင်းတို့ပါဝင်သည်။ ၎င်းတို့ကို လုပ်ကိုင် ဆောင်ရွက်ခြင်းအားဖြင့် မတူကွဲပြား စုံလင်စွာရှိသော ဘုတ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်း စသည့် ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ကို မြှင့်တင်ပေးရာလည်းရောက်ပါသည်။ ယနေ့လက်ရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၌ IFC ရွေးချယ်တင်မြှောက်သည့် ဒါရိုက်တာများအကြားတွင် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းရှိပြီး ၅၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန်အတွက် ရည်မှန်းထားပါသည်။