၂၀၂၃ခုနှစ်၊ မတ်လ (၉)ရက်နေ့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လမ်းညွှန်ချက် နှင့်အညီ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကြီးမှူးကျင်းပပြုလုပ်သည့် “ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ AYA Trust SC ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှ ဝန်ထမ်းများ အား ရှင်းလင်းဆွေးနွေးပွဲကို ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန၊ ညွှန်ကြားရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး နှင့်စပ်လျဉ်း၍ ကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး နှင့် AYA Trust SC တို့မှ တာဝန်ရှိသူ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။