စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း
သည် ဇန်နဝါရီလ ၁၃ ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၊ ပန်းပဲတန်းမြို့နယ်ရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း
ကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊အမှုထမ်းများကို တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား လမ်းညွှန်
မှာကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) နှင့် ရန်ကုန်စတော့အိတ်ချိန်း (YSX)
တို့၏ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များမှာကြား၍ ညှိနှိုင်း
ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။