မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ထိုင်းနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် တို့ပူးပေါင်း၍ တတိယ အကြိမ်မြောက် မြန်မာ – ထိုင်းနိုင်ငံ အရင်းအနှီးစျေးကွက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး
၂၀၁၉ခုနှစ်၊ မတ်လ ၂၄ ရက်
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) နှင့် ထိုင်း နိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECT) တို့ပူးပေါင်း၍ တတိယ အကြိမ်မြောက် မြန်မာ-ထိုင်းနိုင်ငံ အရင်းအနှီးစျေးကွက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး အား ရန်ကုန်မြို့ရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ၂၄.၃.၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကော်ပိုရိတ်ငွေချေးစာချုပ်ထုတ်ဝေခြင်း ကိစ္စများ၊ Asset Management Company တည်ထောင်ခြင်း ကိစ္စများ၊ ရင်းနှီးမြှုပ်နှံသူများ တိုးပွားလာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ၊ စတော့အိတ်ချိန်း တွင် Second Board ၏ အခန်းကဏ္ဍနှင့် ရန်ကုန်စတော့အိတ်ချိန်း၏ လက်ရှိအခြေ အနေတို့အား ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ထိုင်းနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ထိုင်းစတော့အိတ်ချိန်း တို့မှ အဆင့်မြင့်အရာရှိ(၁၀)ဦးနှင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် နှင့် ရန်ကုန်စတော့အိတ်ချိန်း မှ(၁၀)ဦး၊ စုစုပေါင်း(၂၀)ဦး တက် ရောက်ခဲ့ကြပါသည်။