logo
  • EnglishEnglish
  • MyanmarMyanmar

Links

Complaint

  • ပင်မစာမျက်နှာ
  • SECM အကြောင်း
  • ဥပဒေများ
  • ဗဟုသုတ
    နှစ်ပတ်လည်အစီရင်ခံစာသတင်းလွှာအခြား
  • ကုမ္ပဏီများ
  • အကြံပြုရန်
  • ဈေးကွက်
  • ရင်းနှီးမြှုပ်နှံသူများ
    နိုင်ငံသားရင်းနှီးမြှုပ်နှံသူများနိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ
  • Home
  • »
  • မြန်မာနိုင်ငံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း ၂၀၁၈

အစီရင်ခံစာအသစ်တွင် မြန်မာနိုင်ငံကုမ္ပဏီများအနေဖြင့် စီမံအုပ်ချုပ်ရေး ကောင်းမွန်အောင်တိုးမြှင့် ဆောင်ရွက်ရန်နှင့် ယှဉ်ပြိုင်မှု ပိုမိုအားကောင်းအောင်လုပ်ဆောင်သင့်ကြောင်းတိုက်တွန်း

ရန်ကုန်၊ မြန်မာ၊ ဧပြီလ ၅ ရက်နေ့၊ ၂၀၁၉ ခုနှစ် – ဤအစီရင်ခံစာအသစ်သည် မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု စွမ်းဆောင်ချက်များကို အကဲဖြတ်ထားခြင်းဖြစ်ကာ ပြည်တွင်းနှင့်ဒေသတွင်း စီးပွားရေးကဏ္ဍအတွက် ယှဉ်ပြိုင်မှုပိုမိုအားကောင်းတိုးတက်လာစေရန် နှင့် အလေ့အကျင့်များ တိုးတက်လာစေရန် အလားအလာများ အလွန်ကောင်းမွန်ကြောင်း မီးမောင်း ထိုးပြထားသည်။

မြန်မာနိုင်ငံကော်ပိုရိတ်စီမံအုပ်ချုပ်မှုအကဲဖြတ်မှတ်တမ်း ၂၀၁၈ သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုကို အကဲဖြတ်ထားသည့် အစီရင်ခံစာဖြစ်ပြီး [Report Link] မြန်မာနိုင်ငံရှိ ကုမ္ပဏီ ၂၄ ခု၏ စွမ်းဆောင်ချက်များကို အကဲဖြတ်ထားသည်။ ဤအစီရင်ခံစာကို ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ် သည့် IFC ၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ရန်ကုန် စတော့အိတ်ချိန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တို့မှ တွဲဖက်ထုတ် ပြန်ခြင်းဖြစ်သည်။

ဤအစီရင်ခံစာသည် အာဆီယံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအကဲဖြတ်မှတ်တမ်းကို အခြေခံ၍ ကုမ္ပဏီ များကို အကဲဖြတ်ထားသည်။ အစီရင်ခံစာအရ ပျှမ်းမျှ ၆၉ ရာခိုင်နှုန်းရှိသော အာဆီယံအကဲဖြတ် မှတ်တမ်းနှင့်နှိုင်းယှဉ်လျှင် မြန်မာကုမ္ပဏီများသည် ပျှမ်းမျှ ၃၀ ရာခိုင်နှုန်းရှိသည်။ အစီရင်ခံစာတွေ့ ရှိချက်အရ မြန်မာကုမ္ပဏီအချို့သည် ပျှမ်းမျှရာခိုင်းနှုန်းထက် သိသိသာသာ ပိုမိုစွမ်းဆောင်နိုင်ပြီး စတော့အိတ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီများသည် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများနှင့် ပုဂ္ဂလိက ပိုင် ကုမ္ပဏီများထက် ပိုမို၍ စွမ်းဆောင်နိုင်သည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ် အသက်မဝင်မီ ဤအကဲဖြတ်ဆန်းစစ်ခြင်းများကို ဆောင်ရွက် သည်ဆိုသော်လည်း ၎င်းသည် ကုမ္ပဏီများကို ရှယ်ယာရှင်များနှင့် ပါဝင်သက်ဆိုင်သူများ၏ အခွင့် အရေးများ၊ ကုမ္ပဏီ၏ သတင်းအချက်အလက် ထုတ်ပြန်ကြေညာခြင်းကို ပိုမိုတိုးတက်ကောင်းမွန် စေခြင်း၊ ပွင့်လင်းမြင်သာမှု စီမံအုပ်ချုပ်မှုဖွဲ့စည်းပုံများ၊ ဘုတ်အဖွဲ့ဖွဲ့စည်းပုံများနှင့်အတူ ကုမ္ပဏီ၏ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းအတွက် ဘုတ်အဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုများ စသည့် အဓိက နယ်ပယ်များကို အရေးထား အလေးပေးသင့်ကြောင်း ဖော်ပြသည်။

“အဖွဲ့အစည်းတိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ် မှုမှာ အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြန်မာကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းကို ချဲ့ထွင်ရန်ဖြစ်စေ၊ နိုင်ငံတကာ မိတ်ဖက်ကုမ္ပဏီများနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေး တည်ဆောက်ရန်ဖြစ်စေ၊ သို့မဟုတ် ချောမွေ့သော အနာဂတ်တာဝန်ဆက်ဆံရေး အစီအစဉ်ရေးဆွဲ ရာတွင်ဖြစ်စေ ၎င်းတို့၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအလေ့အထများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် အရေးကြီးသည်” ဟု မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်‌ရေး ကော်မရှင်၏ ဥက္ကဌဖြစ်သူ ဦးမောင်မောင်ဝင်းမှ ပြောကြားခဲ့ပါသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို တိုးတက်မြင့်မားလာစေရန် အခြားသော အာဆီယံ ဈေးကွက်များနှင့် ကွာဟချက်များကို ဖြည့်ဆည်းရန် မြန်မာကုမ္ပဏီများ အဘယ်ကဲ့သို့ တိုးတက် ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်ကို အကြံပြုချက်များ ပေးထားပါသည်။ ၎င်းသည် လျင်မြန်စွာ ပြောင်းလဲနိုင်သည့် ကဏ္ဍများအပြင် အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်သားအဖွဲ့အစည်း များ စသည်တို့အကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် ရေရှည်လုပ်ဆောင်ချက်များကိုလည်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ကော်ပိုရိတ်စီမံအုပ်ချုပ်ရေး တိုးတက်ကောင်းမွန်စေ ရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ယခုရက်သတ္တပတ် အစောပိုင်းတွင် မြန်မာဒါရိုက်တာများ၊ အင်စတီကျူး (MIOD)သည် DICA နှင့်အတူ Singapore Management University နှင့် ပူးပေါင်းပြီး နိုင်ငံအတွင်း ပထမဆုံးသော Director Certification Program ကို စတင်ဖွင့်လှစ်ခဲ့သည်။

“ယနေ့မိတ်ဆက်သည့် အစီရင်ခံစာသည် အလေးပေးသော၊ ကြိုတင်မှန်းဆနိုင်သော၊ အကျိုးပြု သော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းဖြစ်ပေါ်လာစေရေးအတွက် ခြေလှမ်းတစ်ခုအနေဖြင့် လျှောက် လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါသည်” ဟု ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဌာန၏ ပုဂ္ဂလိ ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးသူ Jenni Hall က ပြောကြားခဲ့သည်။ “၎င်းတွင် ထိုကဏ္ဍများ၏ စွမ်းဆောင် ချက်များကို မြှင့်တင်ရန် လက်တွေကျသော ဖြေရှင်းချက်များ ဖော်ပြထားပါသည်။ အစီရင်ခံစာတွင် ပါဝင်သော အကြံပြုချက်များသည် အလေးပေးသော၊ ကြိုတင်မှန်းဆနိုင်သော၊ လွယ်ကူချေမော သော၊ အကျိုးပြုသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေရန်အတွက် တရှိန်ထိုး လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ Ukaid သည် IFC ၏ ဤကဏ္ဍ၌ လုပ်ဆောင်ချက်များတွင် ပါဝင် ပံ့ပိုးပေးရသည့်အတွက် ဝမ်းသာကျေနပ်အားရမိပါသည်” ဟု ပြောကြားခဲ့ပါသည်။

“ဤအစီရင်ခံစာတွင် ကုမ္ပဏီများတိုးတက်ကြီးပွားလာရန်နှင့်လုပ်ငန်းများတိုးချဲ့နိုင်ရန်အတွက် ပြင်ပမှ ငွေကြေးရင်နှီးမြှုပ်နှံမှုများ ရရှိရန် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု တိုးတက်လားခြင်းဖြင့် မြန်မာ ကုမ္ပဏီများအတွက် အလားအလာရှိသော အခွင့်အလမ်းများကို ရှင်းလင်းစွာ ဖော်ပြထားသည်” ဟု IFC ၏ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံဆိုင်ရာ Country Manager ဖြစ်သူ Bikram Kumar က ပြောကြား ခဲ့သည်။ ၎င်းက “ မြန်မာကုမ္ပဏီများသည် ဤအခွင့်အလမ်းများကို အသုံးချ၍ ၎င်းတို့၏ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အလေ့အကျင့်များကို မြှင့်တင်ခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ ဈေးကွက် များတွင် ပိုမို၍ အကျိုးအမြတ်ရှိခြင်း၊ ပွင့်လင်းမြင်သာခြင်းနှင့် ယှဉ်ပြိုင်နိုင်ခြင်း အစရှိသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်သည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

IFC ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု လုပ်ငန်းများကို ဩစတြေးလျနိုင်ငံနှင့်ဗြိတိန်နိုင်ငံအစိုးရများမှ ကူညီ ထောက်ပံ့ပေးထားပါသည်။

IFC အကြောင်း

IFC သည် ကမ္ဘာ့ဘဏ်မိတ်ဖက်အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့ဘဏ်အုပ်စုဝင်အဖွဲ့အစည်းတစ်ခု ဖြစ်ကာ ထွန်းသစ်စဈေးကွက်စီးပွားရေးနိုင်ငံများတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးတည် ဆောင်ရွက်နေသော ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ကြီးဖြစ်ပါသည်။ ကမ္ဘာ့အဝှန်း စီးပွားရေး အဖွဲ့အစည်းပေါင်း (၂၀၀၀) ကျော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့အခက်အခဲ ဆုံးသော နေရာဒေသများတွင် IFC ၏ အရင်းအနှီးများ၊ အတတ်ပညာများနှင့်တွန်းအားပေး လုပ်ဆောင်မှုများဖြင့် ဈေးကွက်နှင့်အခွင့်အလမ်းများ ဖန်တီးရာတွင် ကူညီဆောင်ရွက်လျက်ရှိပါ သည်။ ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း IFC ၏ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာလရှည်ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံသို့ မြင့်တက်ခဲ့ပြီး အလွန်အမင်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ တိုးမြှင့်ခွဲဝေခံစားရေးတွင် ပုဂ္ဂလိကကဏ္ဍပါဝင်မှု ပိုမိုမြင့်မားလာ စေရန် အထောက်အကူပြုပါသည်။ ပိုမိုသိရှိလိုပါက www.ifc.org တွင် လေ့လာနိုင်ပါသည်။

ဆက်သွယ်ရန်

www.facebook.com/IFCwbg

www.twitter.com/IFC-org

www.youtube.com/IFCvideocasts

www.ifc.org/SocialMediaIndex

www.instagram.com/ifc-org

 

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM)

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၁၄ အရ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည်။ ၎င်းကို အဖွဲ့ဝင် (၇)ဦးဖြင့် ဖွဲ့စည်းထားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီးကြ ဥက္ကဌအဖြစ် ဦးဆောင်သည်။ ကော်မရှင်သည် ရှယ်ယာလုပ်ငန်းနယ်ပယ်အတွက် စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြစ်ပြီး စတော့အိတ်ချိန်းတည်ထောင်မှုအတွက် တာဝန် ရှိသည်။ မြန်မာနိုင်ငံတွင် မျှတပြီး စွမ်းရည်ထက်မြက်ကာ ငွေဖြစ်လွယ်သော ပွင့်လင်းမြင်သာသည့် ဈေးကွက်ဖော်ရန်လည်း တာဝန်ရှိသည်။

ဆက်သွယ်ရန်

လိပ်စာ : အမှတ်(၂၁-၂၅)၊ မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး)၊ ဒုတိယနှင့် တတိယထပ်၊ ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ် : ၀၁ - ၃၇၃၉၅၉
၀၁ - ၃၈၆၆၀၉
ဖက်စ်ဖုန်းနံပါတ် : ၀၁ - ၃၇၀၁၀၀
အီးမေးလ် : secm.myanmar@gmail.com

© Copyright 2023 SECM. All rights reserved.

Sign Up

For those who interested in providing information for Securities and Exchange Commission(SECM)
Please read the below “Instructions” and agree with the contents before providing for SECM.

  1. SECM requires information regarding manipulations and misconducts on specific stocks or by securities companies.
  2. SECM will not respond to any queries about progress or result of investigation regarding your information.
  3. SECM need to conduct the investigation of unfair trading in accordance with Securities Exchange Law and any prohibition contained in the rules, regulations, by laws, notification, offers, directive and procedures issued under this Law.
  4. Your information will be used for investigation and inspection in accordance with the Section 14 of the Securities Exchange Law.
  5. SECM takes all possible responsibility to manage secrets concerning personal information providers of the content of information provided.
  6. In detecting, investigating and prosecuting manipulative activity, SECM shares your information to cooperate with law enforcement, banking and other authorities who may process or have the ability to gather certain information relating to manipulative activity as well as prohibited acts as mentioned in the Section 49 of the Securities Exchange Law.
You must agree with Instruction First.
Next

Sign Up

ကော်မရှင်သို့ သတင်းပေးတိုင်ကြားရန် စိတ်ပါဝင်စားသူများ Sign Up ပြုလုပ်ရန်
ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်ချက်ကို သဘောတူညီပြီးမှသာ ကော်မရှင်သို့ သတင်းပေးပို့ပါရန်။

  • (က) စာရင်းဝင်ကုမ္ပဏီများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ ဈေးကစားခြင်းနှင့် မှားယွင်းစွာ ဆောင်ရွက်ခြင်းတို့နှင့်သက်ဆိုင်သော သတင်းအချက်များအား ကော်မရှင်မှ လိုအပ်ပါသည်။
  • (ခ) ပေးပို့သော သတင်းများ၏ဖြစ်ပေါ် တိုးတက်မှုအခြေအနေနှင့်စုံစမ်းစစ်ဆေးခြင်း၏ ရလာဒ်များကို မေးမြန်း လာပါက ကော်မရှင်မှပြန်လည်ဖြေကြားမည်မဟုတ်ပေ။
  • (ဂ) ကော်မရှင်သည် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးဥပဒေပါ တရားမျှတမှုမရှိ သော ရောင်း ဝယ်မှုများနှင့် ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေးရန် လိုအပ် ပါသည်။
  • (ဃ) လက်ခံရရှိသော သတင်းအချက်အလက်များကို ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ (၁၄)နှင့်အညီ စုံစမ်းစစ်ဆေးရန်အတွက် အသုံးပြုပါမည်။
  • (င) ပေးပို့သော သတင်းအချက်အလက်များ(သို့မဟုတ်) သတင်းပေးပို့သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များကို ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
  • (စ) ကော်မရှင်သည် ဈေးကွက်တည်ငြိမ်မှု ပျက်ပြားစေသည့် လုပ်ရပ်များအား ကာကွယ်တားဆီးရန်၊ စုံစမ်းစစ်ဆေးရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်း ဝယ်ရေးဥပဒေပုဒ်မ(၄၉)ပါ တားမြစ်ချက်များနှင့်အညီ အရေးယူဆောင်ရွက်သည့်အဖွဲ့အစည်းများ၊ ဘဏ် များနှင့် အခြားသော အာဏာပိုင် အဖွဲ့အစည်းများသို့ သတင်းအချက်အလက်များ ဖြန့်ဝေဆောင်ရွက် ပါမည်။
  • You must agree with Instruction First.
    Next