မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM)၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD) တို့ ပူးပေါင်း၍ ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးဆိုင်ရာ Joint-seminar အခမ်း အနားကျင်းပခြင်း
၂၀၁၉ခုနှစ်၊ ဧပြီလ ၁၀ ရက်
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) ၊ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်း (OECD)တို့ ပူးပေါင်း၍ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေးဆိုင်ရာ Joint-seminar အခမ်းအနားအား ၁၀.၄.၂၀၁၉ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်း ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲအား ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာ နိုင်ငံနှင့်လိုက်လျောညီထွေဖြစ်မည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ကျင့်ထုံး ( Corporate Governance Code ) ရေးဆွဲပြဌာန်းမည့် အစီအစဉ်ကို သိရှိနိုင်စေရန်နှင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လာသူ များအနေဖြင့် အဆိုပါအစီအစဉ်အပေါ် ကောင်းစွာသဘောပေါက် နားလည်စေရန် ရည်ရွယ်၍ ကျင်းပ ခဲ့ခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ရန်ကုန်စတော့အိတ်ချိန်း၊ UMFCCI၊ MICPA၊ စာရင်းဝင် ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီနှင့် ပုဂ္ဂလိ က ကုမ္ပဏီများမှ ကိုယ်စားလှယ် (၁၂၀) ဦး အပါအဝင် စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြပါ သည်။