logo
  • EnglishEnglish
  • MyanmarMyanmar

Links

Complaint

  • ပင်မစာမျက်နှာ
  • SECM အကြောင်း
  • ဥပဒေများ
  • ဗဟုသုတ
    နှစ်ပတ်လည်အစီရင်ခံစာသတင်းလွှာအခြား
  • ကုမ္ပဏီများ
  • အကြံပြုရန်
  • ဈေးကွက်
  • ရင်းနှီးမြှုပ်နှံသူများ
    နိုင်ငံသားရင်းနှီးမြှုပ်နှံသူများနိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ
  • Home
  • »
  • ၃၇ ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဌများအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး

(၃၇) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဌများအစည်းအဝေးနှင့် ယင်းအစည်းအဝေးနှင့်ဆက်စပ်ကျင်းပသော  အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲ    (37th ASEAN Capital Markets Forum-ACMF Chairs’ Meeting and International Conference) ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးနှင့် နှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးမောင်မောင်ဝင်း    ဦးဆောင်သော    မြန်မာကိုယ်စားလှယ်အဖွဲ့   တက်ရောက်ခဲ့ပြီး    မြန်မာနိုင်ငံ၏    အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး    ဆောင်ရွက်ထားရှိမှုများကို သက်ဆိုင်ရာခေါင်းစဉ်များအလိုက်ပါဝင်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

(၃၇) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဌများအစည်းအဝေးတွင် သဘာပတိအဖြစ် ကမ္ဘောဒီးယားနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်‌ရေး ကော်မရှင်ဥက္ကဌ Mr.SOU Socheat က လည်းကောင်း၊ ပူးတွဲသဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးအေဂျင်စီမှ Chief Executive Officer  Mr.Inarno  Djajadi  က လည်းကောင်း  ဆောင်ရွက်ပြီး  အာဆီယံနိုင်ငံများမှ   အရင်းအနှီးဈေးကွက် ကြီးကြပ်ရေးကော်မရှင်  အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ယင်းအစည်းအဝေးတွင် အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ စွမ်းဆောင်ရည်ပိုမိုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပနိုင်ရေး၊ လုပ်ငန်းခွင်သင်တန်းများ အပြန်အလှန်စေလွှတ်နိုင်ရေး၊ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံမှု
စံနှုန်း‌အခြေခံများဖြစ်သော  ဖွင့်ဟထုတ်ဖော်မှုစံနှုန်းများ သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊ အာဆီယံအရင်း
အနှီးဈေးကွက်တွင်  ကျင့်သုံးနေသည့်  အာဆီယံငွေချေးစာချုပ်စံနှုန်းများနှင့်  သက်ဆိုင်သော ဦးစားပေးဆောင်ရွက်မည့်  ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုဆွဲဆောင်မှုရှိစေရန်  စုပေါင်းရင်းနှီးမြှုပ်နှံမှုမူဘောင်တွင်  အာဆီယံအဖွဲ့ဝင်နိုင်ငံများ  ပိုမိုပါဝင်လာစေရေးဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံဒေသတွင်း နိုင်ငံများရှိ စတော့
အိပ်ချိန်းစာရင်းဝင်   ကုမ္ပဏီများကို   ကော်ပိုရိတ်စီမံအုပ်ချုပ်မှု   အကဲဖြတ်ဆန်းစစ်ချက်အရ   အပြီးသတ်ရေးချယ်ခြင်းခံရသည့်ကုမ္ပဏီများကို  ဖိလစ်ပိုင်နိုင်ငံ၌  ၂၀၂၂  ခုနှစ်၊
ဒီဇင်ဘာ ၁ ရက်၌  ဆုချီးမြှင့်ခြင်းအခမ်းအနား  ကျင်းပမည့်ကိစ္စရပ်များ၊  အာရှဖွံ့ဖြိုးရေးဘဏ်မှ  အာဆီယံအရင်းအနှီးဈေးကွက်များ  ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် နည်းပညာ
ဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို ‌ဆွေးနွေးခဲ့ကြပြီး အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် အလှည့်ကျဥက္ကဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အာဆီယံဒေသတွင်းအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးမြှင့်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ
ဝန်ကြီး၊   ငွေရေးကြေးရေးအဖွဲ့အစည်းများ  ကြီးကြပ်ရေးအာဏာပိုင်   ဒုတိယဥက္ကဌ    H.E Mr.Ros Seilave    ကမ္ဘောဒီးယားနိုင်ငံ    ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း
ကြီးကြပ်ရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr.SOU Socheat နှင့် အာရှဖွံ့ဖြိုးရေးဘဏ် အရှေ့တောင်အာရှဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Winfried F. Wicklein
တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံအရင်းအနှီးဖိုရမ်ဥက္ကဌများ အစည်းအဝေးမှ သဘောတူညီခဲ့သည့် The Sustainability-Linked Bond Standards ၊ The
ASEAN  Sustainable  and  Responsible  Fund  Standards ၊ The  ASEAN  CIS  Digital  Repository  နှင့်  Legal Wrappers for the SDG Bond Toolkit တို့ကို
အာဆီယံ ၁၀ နိုင်ငံမှ ကော်မရှင်အကြီးအကဲများက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြကြောင်းနှင့် ‌‌‌‌‌‌‌ ဒေသတွင်းနိုင်ငံများနှင့်  နိုင်ငံတကာမှအရင်းအနှီးဈေးကွက်ဆိုင်ရာ  ပညာရှင်
များနှင့် ဈေးကွက်ကျွမ်းကျင်သူများပါဝင်သော စားပွဲဝိုင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုဖိုရမ်တွင်   ညှိနှိုင်းဆွေးနွေးခဲ့ကြသည့်   လုပ်ငန်းစဉ်များကိုလာမည့်နှစ်တွင်   အင်ဒိုနီးရှားနိုင်ငံ၌   ကျင်းပပြုလုပ်မည့်   အာဆီယံဘဏ္ဍာရေးဝန်ကြီးများ  အစည်းအဝေးသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်းနှင့်      အာဆီယံအရင်းအနှီးဈေးကွက်များဖိုရမ်သည်     ဒေသတွင်းအရင်းအနှီးဈေးကွက်များဖွံ့ဖြိုးတိုးတက်လာရေး အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက် စည်းမျဉ်းစည်းကမ်းထိန်းကျောင်းသူများ (Regulators) ၏ အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရန်

လိပ်စာ : အမှတ်(၂၁-၂၅)၊ မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး)၊ ဒုတိယနှင့် တတိယထပ်၊ ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ် : ၀၁ - ၃၇၃၉၅၉
၀၁ - ၃၈၆၆၀၉
ဖက်စ်ဖုန်းနံပါတ် : ၀၁ - ၃၇၀၁၀၀
အီးမေးလ် : secm.myanmar@gmail.com

© Copyright 2023 SECM. All rights reserved.

Sign Up

For those who interested in providing information for Securities and Exchange Commission(SECM)
Please read the below “Instructions” and agree with the contents before providing for SECM.

  1. SECM requires information regarding manipulations and misconducts on specific stocks or by securities companies.
  2. SECM will not respond to any queries about progress or result of investigation regarding your information.
  3. SECM need to conduct the investigation of unfair trading in accordance with Securities Exchange Law and any prohibition contained in the rules, regulations, by laws, notification, offers, directive and procedures issued under this Law.
  4. Your information will be used for investigation and inspection in accordance with the Section 14 of the Securities Exchange Law.
  5. SECM takes all possible responsibility to manage secrets concerning personal information providers of the content of information provided.
  6. In detecting, investigating and prosecuting manipulative activity, SECM shares your information to cooperate with law enforcement, banking and other authorities who may process or have the ability to gather certain information relating to manipulative activity as well as prohibited acts as mentioned in the Section 49 of the Securities Exchange Law.
You must agree with Instruction First.
Next

Sign Up

ကော်မရှင်သို့ သတင်းပေးတိုင်ကြားရန် စိတ်ပါဝင်စားသူများ Sign Up ပြုလုပ်ရန်
ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်ချက်ကို သဘောတူညီပြီးမှသာ ကော်မရှင်သို့ သတင်းပေးပို့ပါရန်။

  • (က) စာရင်းဝင်ကုမ္ပဏီများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ ဈေးကစားခြင်းနှင့် မှားယွင်းစွာ ဆောင်ရွက်ခြင်းတို့နှင့်သက်ဆိုင်သော သတင်းအချက်များအား ကော်မရှင်မှ လိုအပ်ပါသည်။
  • (ခ) ပေးပို့သော သတင်းများ၏ဖြစ်ပေါ် တိုးတက်မှုအခြေအနေနှင့်စုံစမ်းစစ်ဆေးခြင်း၏ ရလာဒ်များကို မေးမြန်း လာပါက ကော်မရှင်မှပြန်လည်ဖြေကြားမည်မဟုတ်ပေ။
  • (ဂ) ကော်မရှင်သည် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးဥပဒေပါ တရားမျှတမှုမရှိ သော ရောင်း ဝယ်မှုများနှင့် ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေးရန် လိုအပ် ပါသည်။
  • (ဃ) လက်ခံရရှိသော သတင်းအချက်အလက်များကို ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ (၁၄)နှင့်အညီ စုံစမ်းစစ်ဆေးရန်အတွက် အသုံးပြုပါမည်။
  • (င) ပေးပို့သော သတင်းအချက်အလက်များ(သို့မဟုတ်) သတင်းပေးပို့သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များကို ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
  • (စ) ကော်မရှင်သည် ဈေးကွက်တည်ငြိမ်မှု ပျက်ပြားစေသည့် လုပ်ရပ်များအား ကာကွယ်တားဆီးရန်၊ စုံစမ်းစစ်ဆေးရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်း ဝယ်ရေးဥပဒေပုဒ်မ(၄၉)ပါ တားမြစ်ချက်များနှင့်အညီ အရေးယူဆောင်ရွက်သည့်အဖွဲ့အစည်းများ၊ ဘဏ် များနှင့် အခြားသော အာဏာပိုင် အဖွဲ့အစည်းများသို့ သတင်းအချက်အလက်များ ဖြန့်ဝေဆောင်ရွက် ပါမည်။
  • You must agree with Instruction First.
    Next