(၈)ကြိမ်မြောက် မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးစျေးကွက်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံစုံ ပါဝင်သော နားလည်မှုစာချွန်လွှာအားလက်မှတ်ရေးထိုးစဉ်။ ဖနွမ်ပင်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ၊ (၁၄-၁၂-၂၀၁၈)
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကမ္ဘာဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့၌ ကမ္ဘာဒီးယားငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပခဲ့သည့် (၈) ကြိမ်မြောက် မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးစျေးကွက် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် မှ အဖွဲ့ဝင် ဦးဌေးချွန်မှ အဖွဲ့ဝင်နိုင်ငံစုံပါဝင်သော နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ပါသည်။ မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးစျေးကွက်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နှင့်ထိုင်းနိုင်ငံတို့မှ အရင်းအနှီး စျေးကွက်ဆိုင်ရာ မူဝါဒချမှတ်သူများနှင့် စည်းမျဉ်းထိန်းကျောင်းသူများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်များဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။