logo
  • EnglishEnglish
  • MyanmarMyanmar

Links

Complaint

  • ပင်မစာမျက်နှာ
  • SECM အကြောင်း
  • ဥပဒေများ
  • ဗဟုသုတ
    နှစ်ပတ်လည်အစီရင်ခံစာစာစောင်လွှာအခြား
  • ကုမ္ပဏီများ
  • အကြံပြုရန်
  • ဈေးကွက်
  • ရင်းနှီးမြှုပ်နှံသူများ
    နိုင်ငံသားရင်းနှီးမြှုပ်နှံသူများနိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ
  • Home
  • »
  • “(၉)ကြိမ်မြောက် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ အရင်းအနှီးစျေးကွက်များပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (9th Mekong Capital Markets Cooperation-9th MCMC) အစည်းအဝေး

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်သည့် “(၉)ကြိမ်မြောက် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ အရင်းအနှီးစျေးကွက်များပူးပေါင်းဆောင်ရွက်မှု အဖွဲ့

(9th Mekong Capital Markets Cooperation-9th MCMC) အစည်းအဝေး

 ၂၀၁၉ခုနှစ်၊ မတ်လ ၂၅ ရက်

    မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ အိမ်ရှင်နိုင်ငံ အဖြစ်လက်ခံကျင်းပပြုလုပ်သည့် “(၉)ကြိမ်မြောက်မဲခေါင်ဒေသတွင်း နိုင်ငံများ၏ အရင်းအနှီးစျေးကွက် များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (9th MCMC) အစည်းအဝေး” ကို ၂၅-၃-၂၀၁၉ ရက် တနင်္လာနေ့၊ နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ဆောင်ရွက်ပြီး သဘာပတိက အဖွင့်အမှာစကားပြောကြားရာတွင် မဲခေါင်ဒေသအတွင်း အရင်းအနှီး စျေးကွက်များ၏ အတွေ့အကြုံများနှင့် ဗဟုသုတများမျှဝေဖလှယ်ရန်နှင့် စျေးကွက်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးစျေးကွက်ကြီးကြပ် သူများနှင့် မူဝါဒရေးရာချမှတ်သူများ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မဲခေါင်ဒေသ ဆိုင်ရာ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများ အကြား နားလည်မှုစာချွန်လွှာကို ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်  ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် တည်ထောင်ပြီးသည့် ၂၀၁၄ ခုနှစ် နောက်ပိုင်းမှစ၍ တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပပြု လုပ်သည့်  MCMC  အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် MCMC အစည်း အဝေး၌ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က MCMC အဖွဲ့ဝင် နိုင်ငံအဖြစ် အဖွဲ့ဝင်နိုင်ငံစုံပါဝင်သော နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခု (၉) ကြိမ်မြောက် MCMC အစည်းအဝေးအား မြန်မာနိုင်ငံမှ ပထမ အကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ရရှိခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ “အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်စေရေး လတ်တလော ပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်းစည်းကမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် အဖွဲ့ဝင်နိုင်ငံများမှ တင်ပြ ဆွေးနွေးခြင်း၊ ထိုင်းနိုင်ငံ၏ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံအား မျှဝေခြင်း၊ ၂၀၁၉

ခုနှစ်အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာသင်တန်းများ အကောင်အထည်ဖော် ဆောင်ရွက် မည့် အစီအစဉ်အား ဆွေးနွေးခြင်းတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြ ပါသည်။

အဆိုပါအစည်း​အဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင်များ ၊ MCMC အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့၏ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်တို့မှ အကြီးအကဲများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ယခုကျင်းပသည့် (၉) ကြိမ်မြောက် MCMC အစည်းအဝေးကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အပြည့်အဝ ပူးပေါင်းပါဝင်မှုဖြင့် မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးစျေးကွက်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သည့် “We help! We share! We benefit together!” ဟူသော ဆောင်ပုဒ်နှင့် အညီ ဒေသတွင်း နိုင်ငံများအချင်းချင်း အတွေ့အကြုံများ မျှဝေခြင်းဖြင့် အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွေ့ကျကျ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

ဆက်သွယ်ရန်

လိပ်စာ : အမှတ်(၂၁-၂၅)၊ မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး)၊ ဒုတိယနှင့် တတိယထပ်၊ ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ် : ၀၁ - ၃၇၃၉၅၉
၀၁ - ၃၈၆၆၀၉
ဖက်စ်ဖုန်းနံပါတ် : ၀၁ - ၃၇၀၁၀၀
အီးမေးလ် : secm.myanmar@gmail.com

© Copyright 2022 SECM. All rights reserved.

Sign Up

For those who interested in providing information for Securities and Exchange Commission(SECM)
Please read the below “Instructions” and agree with the contents before providing for SECM.

  1. SECM requires information regarding manipulations and misconducts on specific stocks or by securities companies.
  2. SECM will not respond to any queries about progress or result of investigation regarding your information.
  3. SECM need to conduct the investigation of unfair trading in accordance with Securities Exchange Law and any prohibition contained in the rules, regulations, by laws, notification, offers, directive and procedures issued under this Law.
  4. Your information will be used for investigation and inspection in accordance with the Section 14 of the Securities Exchange Law.
  5. SECM takes all possible responsibility to manage secrets concerning personal information providers of the content of information provided.
  6. In detecting, investigating and prosecuting manipulative activity, SECM shares your information to cooperate with law enforcement, banking and other authorities who may process or have the ability to gather certain information relating to manipulative activity as well as prohibited acts as mentioned in the Section 49 of the Securities Exchange Law.
You must agree with Instruction First.
Next

Sign Up

ကော်မရှင်သို့ သတင်းပေးတိုင်ကြားရန် စိတ်ပါဝင်စားသူများ Sign Up ပြုလုပ်ရန်
ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်ချက်ကို သဘောတူညီပြီးမှသာ ကော်မရှင်သို့ သတင်းပေးပို့ပါရန်။

  • (က) စာရင်းဝင်ကုမ္ပဏီများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ ဈေးကစားခြင်းနှင့် မှားယွင်းစွာ ဆောင်ရွက်ခြင်းတို့နှင့်သက်ဆိုင်သော သတင်းအချက်များအား ကော်မရှင်မှ လိုအပ်ပါသည်။
  • (ခ) ပေးပို့သော သတင်းများ၏ဖြစ်ပေါ် တိုးတက်မှုအခြေအနေနှင့်စုံစမ်းစစ်ဆေးခြင်း၏ ရလာဒ်များကို မေးမြန်း လာပါက ကော်မရှင်မှပြန်လည်ဖြေကြားမည်မဟုတ်ပေ။
  • (ဂ) ကော်မရှင်သည် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးဥပဒေပါ တရားမျှတမှုမရှိ သော ရောင်း ဝယ်မှုများနှင့် ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေးရန် လိုအပ် ပါသည်။
  • (ဃ) လက်ခံရရှိသော သတင်းအချက်အလက်များကို ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ (၁၄)နှင့်အညီ စုံစမ်းစစ်ဆေးရန်အတွက် အသုံးပြုပါမည်။
  • (င) ပေးပို့သော သတင်းအချက်အလက်များ(သို့မဟုတ်) သတင်းပေးပို့သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များကို ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
  • (စ) ကော်မရှင်သည် ဈေးကွက်တည်ငြိမ်မှု ပျက်ပြားစေသည့် လုပ်ရပ်များအား ကာကွယ်တားဆီးရန်၊ စုံစမ်းစစ်ဆေးရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်း ဝယ်ရေးဥပဒေပုဒ်မ(၄၉)ပါ တားမြစ်ချက်များနှင့်အညီ အရေးယူဆောင်ရွက်သည့်အဖွဲ့အစည်းများ၊ ဘဏ် များနှင့် အခြားသော အာဏာပိုင် အဖွဲ့အစည်းများသို့ သတင်းအချက်အလက်များ ဖြန့်ဝေဆောင်ရွက် ပါမည်။
  • You must agree with Instruction First.
    Next