၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းမှ ကြီးမှူးကျင်းပပြုလုပ်သည့် “ စတော့ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ငွေချေးသက်သေခံလက်မှတ်
လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသ်ကော်မရှင်
၏ ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်စတော့အိတ်ချိန်းတည်ထောင်ခွင့်ပြုခြင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများအား လိုင်စင်ထုတ်ပေးခြင်း၊ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အလားအလာညွှန်းတမ်းများစိစစ်ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိစာရင်းဝင်ကုမ္ပဏီ ၇ ခု ၏ ရှယ်ယာများအား နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ရှယ်ယာစုစုပေါင်းကျပ် ၁၇၁.၀၅ ဘီလီယံနှင့် ဈေးကွက်တန်ဖိုး ကျပ် ၆၈၂.၉၇ ဘီလီယံရှိပါသည်။
ဆွေးနွေးပွဲ အစီအစဉ်နှင့် ရှင်းလင်းတင်ပြချက်များအား ပူးတွဲဖော်ပြထားပါသည်။
SECM ညွှန်ကြားရေးမှူးချုပ်၏ဆွေးနွေးချက်
အမှုဆောင်အကြီးတန်းမန်နေဂျာဦးသက်ထွန်းဦး၏ဆွေးနွေးချက်
Aya Trust Securities Company ၏ဆွေးနွေးချက်
E.F.R Public Co., Ltd၏ ဆွေးနွေးချက်