ဂျပန်နိုင်ငံအက်စ်အမ်ဘီစီနီကိုးစကျူရတီSMBC NIKKO Securities Inc.၏Global Business Development and International Business Planningမှဒုတိယဥက္ကဌMr.Masahiro Shimomura ၊ Anti Money Laundering and Complianceဌာနမှမန်နေဂျာMr.Eiji Yamadaတို့သည်ဒီဇင်ဘာလ၁၄ရက်နှင့်၁၅ရက်နေ့တို့တွင်ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးသို့လာရောက်တွေ့ဆုံဆွေနွေးခဲ့ကြပါသည်။
ယင်းသို့လာရောက်စဉ်ကော်မရှင်အဖွဲ့ဝင်များနှင့်ဧည့်သည်တော်များသည်ငွေချေးသက်သေခံလက်မှတ်ဈေးကွက်၌စတော့ရှယ်ယာများကိုဈေးကစား၍ဈေးကွက်ထိမ်းချုပ်ရန်ဆောင်ရွက်ခြင်း၊အတွင်းသတင်း အချက်အလက်များကိုဖွင့်ဟအသိပေးခြင်းဖြင့်ရောင်းဝယ်မှုဆောင်ရွက်ခြင်းစသည့်ကိစ္စရပ်များအားမြန်မာနိုင်ငံရှိငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့်စတော့အိတ်ချိန်းတို့တွင်ဥပဒေ၊ နည်းဥပဒေများ၊လမ်းညွှန်ချက်များဖြင့်မည်သို့ကြိုတင်ကာကွယ်ဟန့်တားရမည်ကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။