ရန်ကုန်စတော့အိပ်ချိန်း

...

ရန်ကုန်စတော့အိပ်ချိန်းသည် မြန်မာ့စီးပွားရေးဘဏ်၊ ဒိုင်ဝါသုတေသနအဖွဲ့နှင့် ဂျပန်အိပ်ချိန်းအုပ်စု တို့ပူးပေါင်းပြီး ဖက်စပ်သဘောတူညီချက်စာချုပ်ချုပ်ဆိုကာ တည်ထောင်ခဲ့သော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။အခြားသော စတော့အိပ်ချိန်းများကဲ့သို့ပင် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်း၀င်အရည်အချင်းပြည့်ဝသည့် ရှယ်ယာများကို အရောင်းအ၀ယ် ပြုလုပ်နိုင်ရန်အတွက် စနစ်တကျဖွဲ့စည်းထားသည့် စျေးကွက်တစ်ခုဖြစ်ပါသည်။ရန်ကုန်စတော့အိပ်ချိန်းကို ယခင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးဟောင်း နေရာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့ ၌ ဖွင့်လှစ်ခဲ့ပါသည်။ရန်ကုန်စတော့အိပ်ချိန်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုချက်အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ခွင့်ပြုချက်အမှတ်-၈၇၇/၂၀၁၄ ဖြင့်လည်းကောင်း၊ ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်၏ ခွင့်ပြုချက်အား ၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် လည်းကောင်း ရရှိခဲ့ပါသည်။စတော့ရှယ်ယာရောင်း၀ယ်ခြင်းကို ၂၀၁၆ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် စတင် ပြုလုပ်နိုင်ခဲ့ပါသည်။

မျှော်မှန်းချက်

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များဖန်တီးခြင်း နှင့် ယုံကြည်မှု ကို တည်ဆောက်ရန်

ရည်မှန်းချက်

ရိုးသားခြင်း၊ လွတ်လပ်ခြင်းနှင့် မျှတခြင်းသာ ကျွန်ုပ်တို့ ကုမ္ပဏီ၏ မျှော်မှန်းချက်ပင် ဖြစ်သည်။

သမိုင်းမှတ်တမ်းများ

  • မြန်မာ့စီးပွားရေးဘဏ်၊ဒိုင်ဝါသုတေသနအဖွဲ့နှင့် ဂျပန်အိပ်ချိန်းအဖွဲ့ တို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုချက်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် မှ ရရှိခဲ့သည်။
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခွင့် ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရရှိခဲ့ပြီး တရား၀င် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။
  • မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်၏ ခွင့်ပြုချက်အား ၂၀၁၅ ခုနှစ် ဧပြီလ ၂၈ တွင် စတော့ရှယ်ယာရောင်း၀ယ်ခြင်းအတွက် ခွင့်ပြုပေးခဲ့သည်။
  • ၂၀၁၅ ခုနှစ် သြဂုတ်လတွင် စာရင်း၀င်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များကို ရန်ကုန်စ‌တော့အိပ်ချိန်းမှ ကြေညာနိုင်ခဲ့သည်။
  • ၂၀၁၅ ခုနှစ် သြဂုတ်လတွင် စာရင်း၀င်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များကို ရန်ကုန်စ‌တော့အိပ်ချိန်းမှ ကြေညာနိုင်ခဲ့သည်။

စာရင်းသွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ကြေညာခြင်း။

ရှယ်ယာရောင်း၀ယ်ခြင်း စတင်ခဲ့သော နေ့စွဲများ။

  • ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် FMI
  • ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် MTSH
  • ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် MCB
  • ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် FPB
  • ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် TMH
  • ၂၀၂၀ ခုနှစ် မေလ ၂၈ ရက်နေ့တွင် EFR
  • ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် AMATA

အွန်လိုင်းစနစ်ဖြင့် အရောင်းအ၀ယ် စတင်ခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်စ‌တော့အိပ်ချိန်းမှ အွန်လိုင်းရောင်း၀ယ်ခြင်းစနစ်ကို စတင်နိုင်ခဲ့သည်။

အရောင်းအ၀ယ် ပြုလုပ်သည့် အကြိမ်အရေအတွက် တိုးမြှင့်ခြင်း။

  • ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် တနေ့တာ အရောင်းအ၀ယ်အကြိမ်ရေ ကို ၄ ကြိမ်သို့ တိုးမြှင့်နိုင်ခဲ့သည်။
  • ၂၀၂၀ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် တနေ့တာ အရောင်းအ၀ယ်အကြိမ်ရေ ကို ၇ ကြိမ် အထိ တိုးမြှင့်နိုင်ခဲ့သည်။

နိုင်ငံခြားသားများ အရောင်းအ၀ယ်ပြုလုပ်ခွင့်ကို စတင်ခြင်း

၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ စတင်၍ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်း၀င်ထားသော ကုမ္ပဏီများ၏ ရှယ်ယာများကို နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ (ပြည်တွင်း၊ ပြည်ပနေထိုင်သူများ) ဝယ်ယူ ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့သည်။