စတော့ဈေးကွက် အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းမှကြီးမှူး၍ ရင်းနှီးမြှုပ်နှံသူများအား ပညာပေးရေးအစီအစဉ်တစ်ရပ်အဖြစ် “စတော့ဈေးကွက် အခြေခံသင်တန်း(၀၀၆/၂၀၁၉) ဖွင့်ပွဲအခမ်းအနား” အား ရန်ကုန်စတော့အိတ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး “အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေရေးရာ‌အခြေခံ အဆောက်အအုံများ” ခေါင်းစဉ်ဖြင့် သင်တန်းပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၇၄ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ