ငွေချေးသက်သေခံလက်မှတ်ဈေးကွက်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတွေ့ဆုံပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် “ငွေချေးသက်သေံလက်မှတ်ဈေးကွက်တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲကို CB Securities Limited ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန ညွှန်ကြားရေးမှူးက “ငွေချေးသက်သေခံလက်မှတ်ဈေးကွက်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးနှင့် CB Securities Limited တို့မှ တာဝန်ရှိသူများ စုစု‌ပေါင်း (၂၇) ဦး တက်‌ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ