ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ရှင်းလင်းပွဲကျင်းပ

၂၀၂၃ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကြီးမှူးကျင်းပပြုလုပ်သည့် “ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာ ညွှန်ကြားချက်များ နှင့်စပ်လျဉ်း၍ MSEC ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှ ဝန်ထမ်းများ အား ရှင်းလင်းဆွေးနွေးပွဲကိုMSECရုံး၌ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန၊ ညွှန်ကြားရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး နှင့်စပ်လျဉ်း၍ ကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး နှင့် MSEC တို့မှ တာဝန်ရှိသူ စုစု‌ပေါင်း (၃၀)ဦး တက်‌ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ