ထွန်းသစ်စအာရှနိုင်ငံများတွင် အရည်အချင်းပြည့်မီသော ငွေချေးသက်သေခံလက်မှတ်ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးဆွေးနွေးပွဲ

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးတွဲကျင်းပသည့် ထွန်းသစ်စအာရှနိုင်ငံများတွင် အရည်အချင်းပြည့်မီသော ငွေချေးသက်သေခံလက်မှတ်ဈေးကွက်များဖွံ့ဖြိုးတိုးတက်လာစေရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဌကိုယ်စား၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဉီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ Financial Sector Specialist ဖြစ်သူ Mr. Kosintr Puongsophol က ဆွေးနွေးပွဲ တက်ရောက်လာကြသည့်ကိုယ်စားလှယ်များကိုရင်းနှီးပွင့်လင်းစွာ မိတ်ဆက်စကားပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်စသည့် ငွေရေးကြေးရေးဈေးကွက်စည်းမျဉ်း စည်းကမ်းထိန်းကျောင်းသူများ၊ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဖိတ်ကြားထားသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆွေးနွေးပို့ချမည့်ပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် အရင်းအနှီ: ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသည့် အစုရှယ်ယာများ အများပြည်သူသို့ကနဉီးကမ်းလှမ်းရောင်းချခြင်းနှင့် စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏အစုရှယ်ယာများရောင်းဝယ်ခြင်း တို့နှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင်ကျင့်သုံးနေသည့်အလေ့ အထကောင်းများ၊ ငွေချေးသက်သေခံလက်မှတ်ဈေးကွက် အပေါ်ရင်းနှီးမြှုပ်နှံသူများစိတ်ပါဝင်စားလာစေရန်နှင့် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးနိုင်ရန်ဒေသတွင်း နိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာနည်းစနစ်များ၊ အရင်းအနှီးဈေးကွက် တည်တံ့ခိုင်မြဲမှု အား ကောင်းလာစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဖွင့်ဟထုတ်ဖော်မှုနှင့်စောင့်ကြည့်စစ်ဆေး မှုဆိုင်ရာ နည်းစနစ်များ၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဈေးကွက်အပေါ်အခြေခံသည့် ဘဏ္ဍာငွေဖြည့်ဆည်းပေးခြင်းဆိုင်ရာ နည်းလမ်း
သစ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ