Yangon Stock Exchange Expo 2018 အခမ်အနားအား ရန်ကုန်မြို့၊ Novotel Hotelတွင် ကျင်းပပြုလုပ်

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ Novotel Hotel ၌ ရန်ကုန်စတော့အိပ်ချိန်း၏ ဒုတိယအကြိမ်မြောက် YSX Expo 2018 အခမ်အနားအားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံ၊ State Minister of Cabinet Office မှ Mr.Takao Ochi တို့က အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ ယင်းအခမ်အနားသို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ရန်ကုန်စတော့အိပ်ချိန်းမှ မန်းနေးဂျင်းဒါရိုက်တာ၊ဌာနဆိုင်ရာအကြီး အကဲများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်း ရှင်များအသင်းချုပ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများ၊ တိုကျို စတော့အိပ်ချိန်း၊ ဒိုင်ဝါငွေချေး သက်သေခံ လက်မှတ်ကုမ္ပဏီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများ စုစုပေါင်း (၈၇၈)ဦ: တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ” အများပိုင်ကုမ္ပဏီများ၊ အရင်းအနှီး စျေးကွက်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဘဏ္ဍာရေးအကြံပေး ဦးကျော်မျိုးထွန်း မှ ” စတော့စျေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများ”ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြကြပြီ: “စာရင်းဝင်ကုမ္ပဏီများ၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် အနာဂတ်စီးပွားရေးအလားအလာများ ခေါင်းစဉ်နှင့် တောင့်တင်းခိုင်မာသည့်မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်စျေးကွက် ” ခေါင်းစဉ် တို့ဖြင့် စကားဝိုင်း​ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ စကားဝိုင်း ဆွေးနွေးပွဲတွင်  ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်၊ စာရင်းဝင်ကုမ္ပဏီများမှ အမှုဆောင်အကြီးတန်း အရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များပါဝင်ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ