အိန္ဒိယနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးဘုတ်အဖွဲ့မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦး မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်းသို့လာရောက်လည်ပတ်

အိန္ဒိယနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးဘုတ်အဖွဲ့မှဥက္ကဋ္ဌ Mr.U.K.SINHA နှင့် အဖွဲ့ဝင်နှစ်ဦးတို့သည် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်ရုံးနှင့် ရန်ကုန်စတော့အိတ်ချိန်းသို့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လာရောက်လည်ပတ်ခဲ့ကြပါသည်။

ယင်းသို့လာရောက်လည်ပတ်ရာ၌ SECM ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး၊ မြန်မာနိုင်ငံပြည်သူများ၊ စတော့အိတ်ချိန်းတွင်စာရင်းဝင်မည့် ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများအား အသိပညာပေးဖြန့်ဖြူးရေးနှင့် အရင်းအနှီးဈေးကွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်ကို ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်စတော့အိတ်ချိန်းမှတာဝန်ရှိသူများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

 

နောက်ဆုံးရသတင်းများ