Ring the bell for Gender Equity (2017)

ကမ္ဘာ့ဘဏ်အုပ်စု၏အဖွဲ့ဝင်ဖြစ်သော IFC သည် ရန်ကုန်စတော့အိတ်ချိန်း (YSX) အပါအဝင် ကမ္ဘာတစ်ဝန်းရှိစတော့အိတ်ချိန်း ၄၃ ခု တွင် ထင်ရှားသော အမျိုးသမီး များက ကျား/မ တန်းတူညီမျှရေးကို အားပေးမြှင့်တင်သော အဖွင့်နှင့်အပိတ်ခေါင်းလောင်းများတီးပေးမည့် တစ်ကမ္ဘာလုံးဆိုင်ရာပွဲတစ်ခုကို ပူးပေါင်းစီစဉ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုကျင်းပရန် ကူညီပေးလျက်ရှိသည်။ ဤပွဲသည် လုပ်ငန်းခွင်၊ ဈေးကွက်နှင့် လူမှူအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများကို စွမ်းဆောင်ခွင့်ပေးခြင်း၏ စီးပွားရေးနယ်ပယ်တွင်မရှိမဖြစ်သောအချက်ကို မီးမောင်းထိုးပြပေးမည်ဖြစ်ပါသည်။

ဤတစ်ကမ္ဘာလုံးဆိုင်ရာပွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ရန်ကုန်ပွဲတော်ကို IFC နှင့် The Securities and Exchange Commission of Myanmar တို့က ပူးတွဲစီစဉ်ပေးလျက်ရှိသည်။ “ကျား/မ တန်းတူညီမျှရေးအတွက် နှိုးဆော်ခေါင်းလောင်းတီးခြင်း” ပွဲကို ရန်ကုန်ရဲ့ ကုန်သွယ်ရေးအဝန်းအဝိုင်းမှ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဒီတစ်ကမ္ဘာလုံးဆိုင်ရာ ရှေ့ဆောင်ကြိုးပမ်းမှုမှာပါဝင်ရတာကို ကျွန်တော်တို့ဂုဏ်ယူပါတယ်။ ဒါဟာမြန်မာနိုင်ငံ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေထဲကျား/မ တန်းတူညီမျှမှုတိုးတက်ရေးအတွက် ကျွန်တော်တို့ရဲ့ အားစိုက်ကြိုးပမ်းမှုကို အချက်ပြလိုက်တာပဲဖြစ်ပါတယ်” လို့ The Securities and Exchange Commission of Myanmar ရဲ့  ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောပါသည်။

အမျိုးသမီးများသည် စားသုံးသူများ၊ ဝန်ထမ်းများ၊ လုပ်ငန်းခေါင်းဆောင်များနှင့် စွန့်ဦးတီထွင်သူများအဖြစ် အလုပ်အကိုင်ဖန်တီးမှုကိုထောက်ပံ့ပေးပြီး တစ်ဦချင်းဝင်ငွေကို မြင့်တက်စေကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ခြင်းဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ပုံသွင်းပြောင်းလဲပေးရ်အလားအလာရှိကြောင်း IFC က ယုံကြည်ပါသည်။” ဒီအကြောင်းကြောင့်ပဲ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအားလုံးမှာ ကျား/မ အားလုံးပါဝင်မှု အားပေးမြှင့်တင်ဖို့နဲ့ အမျိုး
သမီးတွေအနေနဲ့ ဘဏ္ဍာရေးကို ရယူသုံးစွဲမှု တိုးမြှင့်ပေးဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ကော်ပိုရိတ်ဦးဆောင်မှုမှာ ကျား/မ စုံလင်တာကလည်း အရေးကြီးပါတယ်။ ဘုတ်အဖွဲ့ အတွင်း နဲ့ ဦးဆောင်တဲ့ ရာထူးနေရာတွေမှာ အမျိုးသမီးတွေ ရှိနေခြင်းက ဘဏ္ဍာရေး စွမ်းဆောင်ရည်၊ ရှယ်ယာပိုင်ရှင်တွေရဲ့တန်ဖိုး နဲ့ရေရှည်တည်တံ့နိုင်စွမ်းတို့ အပေါ်မှာ အပြုသဘောဆောင်တဲ့ ရိုက်ခတ်မှုရှိပါတယ်။ လက်ရှိမှာ IFC က ရင်းနှီးမြုပ်နှံထားတဲ့ကုမ္ပဏီတွေရဲ့ ဘုတ်အဖွဲ့အတွင်း ခန့်အပ်တဲ့ ဒါရိုက်တာ ၃၀ ရာခိုင်နှုန်းလောက်သာ အမျိုးသမီးဖြစ်နေပါတယ်။ ” ဟု မြန်မာနိုင်ငံ
အတွက် IFC Country Manager Vikram Kumar က ပြောပါသည်။

ယခုတတိယအကြိမ်မြောက် ” ကျား/မ တန်းတူညီမျှရေးအတွက် နှိုးဆော်ခေါင်းလောင်းတီးခြင်း” ပွဲများ သည် UN Global Compact, UN Women, IFC, Women in ETFs နှင့် World Federation of Stock Exchanges တို့နှင့်အတူ Sustainable Stock Exchanges(SSE) Initiative ၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ