Stock

...

ငွေချေးသက်သေခံလက်မှတ်ဆိုတာဘာလဲ?

(က) အစိုးရကဖြစ်စေ၊ အစိုးရဌာန အဖွဲ့အစည်း တစ်ခုခုကဖြစ်စေ ထုတ်ဝေသည့် သို့မဟုတ် ထုတ်ဝေရန် စီစဉ်ဆောင်ရွက်သည့် ငွေတိုက်လက်မှတ်များ၊ ငွေတိုက်
စာချုပ်များ၊ ငွေချေးစာချုပ်များ နှင့် ဒီဘင်ချာများ၊
(ခ) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ နိုင်ငံခြားအစိုးရနှင့် ယင်းတို့၏ အဖွဲ့အစည်းများက ထုတ်ဝေသည့် ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊
ငွေချေးစာချုပ်များနှင့် ဒီဘင်ချာများ၊
(ဂ) အများနှင့်သက်ဆိုင်သောကုမ္ပဏီများက ထုတ်ဝေသည့် သို့မဟုတ် ထုတ်ဝေရန် စီစဉ် ဆောင်ရွက်သည့် ရှယ်ယာများ၊ စတော့များ၊ ငွေချေးစာချုပ်များနှင့်
ဒီဘင်ချာများ၊ ယင်းတို့နှင့် သက်ဆိုင်သည့် အခွင့်အရေးများ၊ ရွေးချယ်ခွင့်များနှင့် ဝရန်းများ၊
(ဃ) ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး‌ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ငွေချေးသက်သေခံလက်မှတ်ဟု သတ်မှတ်သည့်
အခြားငွေချေးသက်သေခံ လက်မှတ်များနှင့် စာချုပ်စာတမ်းများပါဝင်ပါသည်။