စာရင်းဝင်ကုမ္ပဏီများ

ကုမ္ပဏီအမှတ်တံဆိပ် ကုမ္ပဏီအမည် ဝဘ်ဆိုဒ်လင့်ခ်

First Myanmar Investment အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီလီမိတက် (“FMI”) (“ကုမ္ပဏီ” နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီခွဲများစုပေါင်း၍ “ကုမ္ပဏီအုပ်စု”) သည် အစုရှယ်ယာရှင်ပေါင်း (၉,၀၀၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအများပိုင်ကုမ္ပဏီများအနက် တစ်ခုဖြစ်ပါသည်၊၊ FMI သည် ၂၀၁၆ ခုနှစ်၊ မတ်လတွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်သော ပထမဆုံးကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါသည်၊၊ FMI ၏ အားသာချက်များ မှာ မဟာဗျူဟာမြောက်သော ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်သောစီမံခန့်မှု၊ စည်းကမ်းရှိသော ကုမ္ပဏီအုပ်ချုပ်မှု နှင့် ပွင့်လင်းမြင်သာမှုရှိခြင်းတို့ဖြစ်ပါသည်၊၊ FMI ဒါရိုက်တာအဖွဲ့ဝင်များသည် ကုမ္ပဏီ၏ကောင်းမွန်သော စီမံခန့်ခွဲအုပ်ချုပ်မှုကို မြှင့်တင်ပေးပြီး ကုမ္ပဏီ နှင့် သက်ဆိုင်သူအားလုံး၏ အကျိုးစီးပွားကို ရှေးရှုကာကွယ်သည့် အခြေခံဘောရားဖြင့် လွပ်လပ်စွာဆုံးဖြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်၊၊

ဖက်(စ်)မြန်မာအင်ဗက်(စ်)မဲ့(န်) အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီလီမိတက် https://fmi.com.mm

MTSH သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီများတွင်  အစုရှယ်ယာများ ပိုင်ဆိုင်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ရန်ရည်ရွယ်ချက်ဖြင့် မူလတည်ထောင်သူ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ(၉)ခု (တို့ အပြင် အများပြည်သူ အစုရှယ်ယာရှင်များ)ပါဝင်သော မြန်မာလုပ်ငန်းစုမှ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းသည် အဓိကအားဖြင့် စက်မှုလုပ်ငန်း ဧရိယာဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာနိုင်ငံ အစိုး ရနှင့် ဂျပန်နိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားကြသည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချွန်လွှာအရ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ လူနေအိမ်ရာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပါသည်။

MTSH ၏ အဓိကလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

·         မြန်မာ-ဂျပန် သီလဝါ သီလဝါ ဒီဗလော့မင့်လီမိတက်တွင် သီလဝါအထူးစီးပွားရေးဇုန်ရှိ ဇုန် (အေ)၏ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆောက်လုပ်ရေး၊ စျေးကွက်ရှာဖွေခြင်း၊ နှစ်ရှည်ငှားရမ်းခြင်း၊ ရောင်းချခြင်းနှင့် လုပ်ငန်းလည် ပတ်ခြင်းများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။ MTSH သည် MJTD ၏ အစုရှယ် ယာရှင်တစ်ဦးဖြစ်သည့်အပြင် စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီချက်အား ချုပ်ဆိုထားပါသည်။ MTSH သည် သီလဝါ အထူးစီးပွားရေးဇုန် (အေ)အတွက် ဖြစ်နိုင်ခြေရှိသော ငှားရမ်းလုပ်ကိုင်သူများကို  ရှာဖွေရန် အတွက် MJTD နှင့် စျေးကွက်ရှာဖွေရေး သဘောတူညီချက်ကိုလည်း ချုပ်ဆိုထားပါသည်။·         သီလဝါ ပရောပါတီး ဒက်ပလော့မန့် လီမိတက်တွင် သီလဝါ အထူးစီးပွား‌‌ရေးဇုန်, ဇုန် (အေ) ပရောဂျက်ရှိ လူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အစိတ်အပိုင်းများဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေး၊ စျေးကွက်ရှာဖွေ ရေး၊ ရောင်းချခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံထားပါသည်။·         သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအား (ဇုန်အေ ဧရိယာမှအပ အခြား) သို့မဟုတ် ဒါရိုက်တာ အဖွဲ့၏ ဆုံးဖြတ်ချက်အရ ဆောင်ရွက်လျက်ရှိပါသည်။MTSH သည် နားလည်မှုမှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းနှင့် တည်ဆဲဥပဒေများအရ သီလဝါအထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အိမ်ခြံမြေဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရေရှည်တန်ဖိုးကို ဖန် တီးကာ ဆောင်ရွက်လျက်ရှိပါသည်။ MTSH ကုမ္ပဏီအနေဖြင့် လာမည့်နှစ်အနည်းငယ်အတွင်း ဝင်ငွေအများစုသည် MJTD, TPD နှင့် MTSH ၏ လက်ရှိပရောဂျက်များမှ ဆက်လက်ရရှိလာမည်ဟု ယုံကြည်သော်လည်း လုပ်ငန်းတိုးချဲ့ရန်အတွက် ဝင်ငွေအရင်းမြစ်များအား ခွဲခြားခြင်းသည် အရေးကြီးကြောင်းအား သိရှိပြီး၊ ကုမ္ပဏီအနေဖြင့် ပုံမှန်လည်ပတ်နေသောလုပ်ငန်းများမှ ဝင်ငွေများရရှိပါသည်။

မြန်မာသီလဝါ အက်(စ်) အီးဇက်ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် https://mtshmyanmar.com

မြန်မာနိုင်ငံသားများဘဏ်လီမိတက်ကို ၁၉၅၀ ပြည့်နှစ် မြန်မာနိုင်ငံအထူးကုမ္ပဏီများအက်
ဥပဒေအရ ၁၉၉၁ ခုနှစ်တွင် အများပိုင်ကုမ္ပဏီလီမိတက်အဖြစ် စတင်တည်ထောင်ခဲ့ပြီး   ၂၆-၁၉၉၂ ရက်နေ့မှစ၍ အမှတ် (၃၈၃)၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
မြို့တွင် ဘဏ်ဖွင့်လှစ်၍ ဘဏ်လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံသားများ
ဘဏ်လီမိတက်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ် (၇၅) ဘီလီယံဖြစ်ပြီး ထည့်ဝင်ပြီးမတည်ငွေရင်း
မှာ ကျပ် (၅၂) ဘီလီယံရှိပါသည်။

 

မြန်မာနိုင်ငံသားများဘဏ်လီမိတက်မှဆောင်ရွက်ပေးလျှက်ရှိသည့်၀န်ဆောင်မှုလုပ်ငန်းများ-

ပြည်တွင်းဘဏ်လုပ်ငန်းများ

(၁)   ငွေစုဘဏ်အပ်ငွေ   (Savings Deposit)

(၂)   စာရင်းရှင်အပ်ငွေ    (Current Deposit)

(၃)   အချိန်ပိုင်းအပ်ငွေ    (Time Deposit)

(၄)   ခေါ်ယူအပ်ငွေ        (Call Deposit)

(၅)   သက်ကြီးအပ်ငွေ     (Senior Citizens Deposit)

(၆)   E-payment စနစ်ဖြင့် သွင်းကုန်လိုင်စင်ကြေးပေးသွင်းခြင်း

(၇)   ပြည်တွင်းငွေလွှဲလုပ်ငန်း

(၈)   Payment Order

 

Commercial ချေးငွေလုပ်ငန်းများနှင့် ဘဏ်အာမခံများ-

(၁)   Immovable Property များအား အာမခံရယူ၍ ချေးငွေထုတ်ချေးခြင်း

(၂)   စာရင်းပိုထုတ်ချေးငွေများ

(၃)   ကောက်ပဲသီးနှံအား အာမခံရယူ၍ ချေးငွေထုတ်ချေးသည့် Pledge Loan

(၄)   Trade Guarantee

(၅)   Bank Guarantee/ Performance Guarantee

 

အငှား၀ယ်စနစ်  Hire Purchase ချေးငွေလုပ်ငန်းများ

(၁)   လယ်ယာသုံးစက်ပစ္စည်းများအား အငှားဝယ်စနစ်ဖြင့်အရစ်ကျရောင်းချခြင်း

(၂)   မော်တော်ကားများအား အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း

(၃)   ဆန်စက်ပစ္စည်းအမျိုးမျိုးအား အငှားဝယ်စနစ်ဖြင့် ရောင်းချခြင်း

(၄)   ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားများအား အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း

(၅)   မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း

(၆)   တိုက်ခန်း(ကွန်ဒို)အဆောက်အအုံများ အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း

(၇)   ဂျပန်နိုင်မှ JICA ချေးငွေယူ၍ Two-Step loan အစီစဥ်ဖြင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ (SMEs) လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးသော ချေးငွေ

(၈)   ၀န်ထမ်းများအတွက် ချေးငွေ (staff Loan)

(၉)   အသေးစား၊ အလတ်စား ကုန်ပစ္စည်းများ အရစ်ကျရောင်းချခြင်း (Retail Loan)

(၁၀) Companyကြီးများ၊ လုပ်ငန်းကြီးများအတွက် ဝန်ထမ်းချေးငွေ

(Salary Loan & Salary advance)

(၁၁) အိမ်ယာချေးငွေများ (Home Loan)

(၁၂) အခမဲ့ တသီးပုဂ္ဂလိက ချေးငွေ (UnSecured credit) များ

(အစတင်နိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။)

 

နိုင်ငံခြားဘဏ်လုပ်ငန်းများမှာ –

(၁)   Export & Import Services (L/C , TT)

(၂)   International Remittance and International Money Transfer Services

(MoneyGram, IME, Transfast, Merchantrade, Dollar Smart Global, TransferTo, Queen Bee Capital)

(၃)   Guarantee Issuing Service

(၄)   International Card Business (Visa /Master Card Acquiring, Master Card Issuing, MPU-Myanmar Payment Union Card)

(၅)   Money Changer Service

(၆)   Foreign Exchange Market

(၇)   Payment Order

(၈)   Sell Foreign currency (USD/EUR/SGD) Import Payment

(၉)   Buy Foreign currency (USD/EUR/SGD) Export Payment

 

မြန်မာနိုင်ငံသားများဘဏ်လီမိတက်မှ အောက်ဖော်ပြပါ ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါသည် –

(၁)   ၆၆၃ Mobile Money (Mobile payment services)

(၂)   Mobile Banking Application

(၃)   MPU Debit Card & MPU-JCB ,  Debit Card (Co-Branded Card)

(၄)   MPU ATM Acquiring Service

(၅)   Meter Bill Service,

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောလီမိတက် https://www.mcb.com.mm

ပြည်တွင်းဘဏ် လုပ်ငန်းများ

ပြည်တွင်းဘဏ်လုပ်ငန်းများမှာ-

(၁)   ငွေစုဘဏ်အပ်ငွေ     (Saving Deposit)

(၂)    စာရင်းရှင်အပ်ငွေ       (Current Deposit)

(၃)   စာရင်းသေအပ်ငွေ     (Fixed Deposit/Time Deposit)

(၄)   ခေါ်ယူအပ်နှံငွေ         (Call Deposit)

(၅)   ပြည်တွင်းငွေလွှဲလုပ်ငန်း (Inter Remittance)

(၆)   ငွေပေးအမိန့် (Payment Order)

ချေးငွေလုပ်ငန်းများ

ချေးငွေလုပ်ငန်းများမှာ

(၁)   ရိုးရိုးချေးငွေ (Loan)

(၂)    စာရင်းပိုထုတ်ချေးငွေ(Overdraft)

(၃)   အာမခံချေးငွေ (Bank Guarantee)

အငှားဝယ်ယူစနစ်ချေးငွေလုပ်ငန်း(Hire Purchase)

(၁)   မော်တော်ကားအငှားဝယ်ယူစနစ် (HP for Motor Cars)

(၂)    အိမ်ယာ(တိုက်ခန်း)အငှားဝယ်စနစ် (HP for Housing)

နိုင်ငံခြား ဘဏ်လုပ်ငန်းများ

(၁)   Export & Import Services (L/C, TT)

(၂)    International Remittance and International Money Transfer Services

(Inbound and outbound)

(၃)   Payment Order

(၄)   Money Exchange Service

(၅)   Foreign Exchange Transaction

Western Union Money Transfer Service

ပထမပုဂ္ဂလိကဘဏ်သည် Western Union Money transfer services နှင့် (၁၂-၁-၂၀၁၃) နေ့ တွင် စာချုပ်ချုပ်ဆိုပြီး ပြည်ပမှ မြန်မာနိုင်ငံသို့ ငွေလွှဲလုပ်ငန်းကို ဆောင်ရွက်ပေးပါသည်။ မြန်မာ
နိုင်ငံတော်ဗဟိုဘဏ်မှ (၆-၁-၂၀၁၆) နေ့စွဲဖြင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ငွေလွှဲလုပ်ငန်း ကို ဆောင်ရွက်
ခွင့်ပြုခဲ့ပါသည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက် https://www.firstprivatebank.com.mm

TMH ကုမ္ပဏီသည် ၂၀၀၇ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး မူလရည်ရွယ်ချက်မှာ အရည်အသွေးမြင့်မားသော အော်တိုတယ်လီဖုန်းအိတ်ချိန်းစက်များကို ကိုယ်ပိုင် သုတေသနဖွံ့ဖြိုးမှုအဖွဲ့ဖြင့် ထုတ်လုပ်ရန် ဖြစ်ပါသည်။

နောက်ပိုင်းတွင် ကုမ္ပဏီသည် အခြားသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိတွင် ကုမ္ပဏီ၏ အဓိက လုပ်ငန်းများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

(၁) ပုံသေနှင့် မိုဘိုင်း ကွန်ယက်ဆိုင်ရာ ဝန်ဆောင်မှုများ

(၂) ဖိုင်ဘာတည်ဆောင်ခြင်းလုပ်ငန်းများ

(၃) မိုဘိုင်းတာဝါတိုင်များနှင့် မိုဘိုင်းကွန်ယက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ

(၄) ဖုန်းငွေဖြည့်ကဒ်များ ထုတ်လုပ် ဖြန်ဖြူးရောင်းချခြင်းလုပ်ငန်းများ နှင့်

(၅) အစည်းအဝေး စနစ်များ

၂၀၀၆ခုနှစ်တွင် ကုမ္ပဏီသည် CGI Science & Technology Co., Ltd နှင့် ပူးပေါင်း၍ ဆက်သွယ်ရေးနှင့် အင်တာနက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက်  Myanmar GT Broadband Co., Ltd အမည်ဖြင့် အစုစပ်လုပ်ငန်း တည် ထောင်ခဲ့ပါသည်။

ရှေ့အလားအလာတွင် ကုမ္ပဏီသည် metro fiber network လုပ်ငန်းများကို မြန်မာနိုင်ငံတွင် တိုးချဲ့ဆောင်ရွက်နိုင်ရန် ထည့်သွင်းစဉ်းစားလျက်ရှိပါသည်။

ကုမ္ပဏီ၏နောက်ဆုံးထုတ်ပြန်ဖော်ပြချက်အရ ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း ၂၆၇ ဦးရှိပြီး ရုံးခွဲပေါင်း ၁၁ခုနှင့် နိုင်ငံအနှံ့အပြားတွင် ရုံးခွဲပေါင်း ၃၀ကျော်ကို ဖွင့်လှစ်ထားပါသည်။

အုပ်ချုပ်မှုဒါရိုက်တာ မှ စီမံခန့်ခွဲရေးလုပ်ငန်းများကို ဦးစီးဆောင်ရွက်လျက်ရှိပြီး ဒါရိုက်တာ အဖွဲ့ဝင်များ၏ ခွင့်ပြုမိန့်နှင် ကုမ္ပဏီ၏နေ့စဉ်လုပ်ငန်းတာဝန်များကို တာဝန်ယူ စီမံခန့်ခွဲလျက်ရှိပါသည်။

တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် https://www.tmhtelecom.com/

ERF သည် အပြည့်အဝပေါင်းစပ်ဖွဲ့စည်းထားသည့် Total Logistics Service Provider ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအား အထောက်အကူပြုရန်အလို့ငှာ ၊ ခေတ်သစ်အခါသမယတွင် မြန်မာနိုင်ငံ၏စီးပွားရေးတစ်ဟုန်ထိုး တိုးတက်မှုနှင့်အတူ National Logistics Infrastructure အား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံသွားရန်ရည်ရွယ်သည်။ EFR အား လက်အောက်ခံလုပ်ငန်း (၇) ရပ်၊ တွဲဖက်လုပ်ငန်းတစ်ရပ် ၊ ၊စီမံချက်ကုမ္ပဏီနှစ်ရပ်တို့ဖြင့် ဖွဲ့စည်းထား၍ EFR Group of Companies Public Co.,Ltd ၏ စီမံခန့်ခွဲမှုအောက်တွင် ကွဲပြားခြားနားသည့် စီးပွားရေးလုပ်ငန်းများအား ဝန်ထမ်းအင်အား ၆၀၀ ကျော်ရှိ ဌာနကြီးငါရပ်အနေဖြင့် အောင်မြင်စွာလုပ်ကိုင်လျက်ရှိပါသည်။

EFR သည် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် သီးခြားရပ်တည်နေသည့် Company ဖြစ်၍ ကွဲပြားခြားနားသည့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသည့် မိမိ၏လုပ်ငန်းခွဲတို့၏ ရှယ်ယာများကိုလည်း ပိုင်ဆိုင်သည်။ ယင်း၏ အဓိကစီးပွားရေးမှာ Logistics Industry ပင်ဖြစ်ပါသည်။ EFR သည် Logistics Infrastructure Development တွင် ပါဝင်လုပ်ကိုင်နေကြသည့် Company များတွင်လည်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည်။ EFR ၏ လက်အောက်ခံလုပ်ငန်းတို့အား ယင်းတို့၏Management Team မှ စီမံခန့်ခွဲ၍  CEO နှင့် Board of Director တို့မှကြီးကြပ်သည်။

 

ထာဝရနဒီအုပ်စုကုမ္ပဏီများ အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် https://www.efrgroupmyanmar.com

ကျွန်ုပ်တို့၏ကုမ္ပဏီကို “အမတဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်” အမည်ဖြင့် ၂ဝ၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အဖြစ် မြန်မာနိုင်ငံ၌ ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ အဓိကစီးပွားရေးလုပ်ငန်းမှာ “Amata” အမှတ်တံဆိပ်ဖြင့် ဟိုတယ်၊ အပန်းဖြေအနားယူစခန်းများ နှင့် တွဲလျက်စားသောက်ဆိုင်လုပ်ငန်း
များ အဓိကထား လုပ်ကိုင်ဆောင်ရွက်သည့် “ယူနိုက်တက်အင်တာနေရှင်နယ် ဂရု(ပ်)လီမိတက်” နှင့် “Oriental Ballooning” အမည်ဖြင့် လူစီးမီးပုံးပျံ ဝန်ဆောင်မှုပေးနေသည့် “မြန်မာ
ဘလွန်းနင်းကုမ္ပဏီ လီမိတက်” တို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့ လုပ်ငန်းစုသည် “ယူနိုက်တက်
အင်တာနေရှင်နယ် ဂရု(ပ်)လီမိတက်” ၏ အစုရှယ်ယာ ၉၉.၉၉% နှင့် “မြန်မာ ဘလွန်းနင်း ကုမ္ပဏီ လီမိတက်”  ၏ အစုရှယ်ယာ ၅၁% ကိုပိုင်ဆိုင်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အလယ်
အလတ်အဆင့် နှင့် အဆင့်မြင့် အပန်းဖြေနေရာများ၊ ဟိုတယ်များ နှင့် Spa များကို တည်ဆောက်၍ စီမံခန့်ခွဲခြင်းလုပ်ငန်းများကို လုပ်ကိုင်ရာတွင် လုပ်ငန်းနယ်ပယ်၏ ဦးဆောင်သူ
တစ်ဦး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဧည့်ဝန်ဆောင်မှုကဏ္ဍတွင် အလယ်အလတ်အဆင့်နှင့်
အဆင့်မြင့် စျေးကွက်အပိုင်းအခြား အတွက် အောက်ဖော်ပြပါ အပန်းဖြေနေရာနှင့် ဟိုတယ်များကို “ယူနိုက်တက်အင်တာနေ ရှင်နယ်ဂရု(ပ်)လီမိတက်”  လက်အောက်မှတစ်ဆင့် လည်ပတ်
ဆောင်ရွက်လျက်ရှိပါသည်။

  • Amata Resort & Spa (Ngapali Beach)
  • Amata Garden Resort (Inle Lake)
  • Amata Garden Resort (Bagan)
  • Amata Resort & Spa (Andaman)
  • “My Bagan Residence” by Amata
  • “My Hpa-An Residence” by Amata

ကျွန်ုပ်တို့၏ အပန်းဖြေအနားယူစခန်းများသည် ပုံမှန်အားဖြင့် အခန်း ၅ဝ မှ ၂ဝဝ ကြား ရှိပါသည်။ ကျွန်ုပ်တို့သည် အဆင့်မြင့် စားသောက်ဆိုင်များ၊ ဘစ်ထရို (bistro) များ နှင့် Spa တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ကျွန်ုပ်တို့၏ ဟိုတယ်နှင့်အပန်းဖြေစခန်း (၆)ခု တို့မှတဆင့် ကျွန်ုပ်တို့၏  ခရီးသွားဧည့်သည်များသို့  အပန်းဖြေခရီးသွားခြင်းဆိုင်ရာ အတွေ့ကြုံမျိုးစုံတို့ကို ပေးစွမ်းလျက်ရှိ
ပါသည်။ လူစီးမီးပုံးပျံပေါ်တွင် စီးနင်းလိုက်ပါ၍ ကောင်းကင်မြင်ကွင်းဖြင့် မြန်မာ့အလှ၊ မြန်မာ့
သဘာဝကို တစ်ဝကြီးကြည့်ရှုခံစားနိုင်မည့် “လူစီးမီးပုံးပျံဝန်ဆောင်မှု” ကို “မြန်မာ ဘလွန်းနင်း ကုမ္ပဏီ လီမိတက်” ဖြင့် မြန်မာပြည်ရှိ မြို့ကြီး (၆) မြို့တွင် လူစီးမီးပုံးပျံ ၁၅ လုံး ဖြင့်   ကျွန်ုပ်တို့
ခရီးသွားဧည့်သည်များ၏ ခရီးသွားအတွေ့အကြုံများကို ပြီးပြည့်စုံအောင် ဖြည့်ဆည်း ဆောင်ရွက်
ပေးလျက်ရှိပါသည်။

အမတဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် https://www.amataholding.com/mm

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်ရန်၊ မြေနေရာသုံးပြုခွင့်ပေးပြီး၊ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (Public Private Partnership, PPP) အစီအစဉ်အရဆောင်ရွက်မည့် တညင်းကုန်းအဆင့်မြင့်လက်ကားဈေး တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းစီမံကိန်းအား ဒဂုန်အင်တာနေရှင်နယ်လီမိတက်မှ တင်ဒါအောင်မြင်ပြီးနောက် တင်ဒါပါစည်းကမ်းချက်တွင်ပါဝင်သော အများပိုင်ကုမ္ပဏီတည်ဆောက်ရန် လိုအပ်ချက်အရ ဒဂုန်အင်တာနေရှင်နယ်လီမိတက်သည် မူလကမကထပြုတည်ထောင်သူအဖြစ် အစုရှယ်ယာ ၄၅% ထည့်ဝင်လျက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။

ဒဂုန်အင်တာနေရှင်နယ်လီမိတက်သည် ဒဂုန်ကုမ္ပဏီအုပ်စု၏ဦးဆောင်ကုမ္ပဏီဖြစ်ပြီး၊ ဒဂုန်ကုမ္ပဏီအုပ်စုသည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံးနှင့်လေးစားခြင်းခံရသော ကုမ္ပဏီအုပ်စုတွင်ပါဝင်ပါသည်။ ဒဂုန်အင်တာနေရှင်နယ်လီမိတက်သည် ၁၉၉၀ ပြည့်နှစ်တွင်စတင်တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေး၊ အိမ်ယာအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်၊ ခရီးသွားလာမှုစသောဆောင်ရွက်မှုလုပ်ငန်းများ၊ ထုတ်လုပ်မှုလုပ်ငန်းများ၊ မော်တော်ယာဉ်၊ အစားအသောက်နှင့်စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများစသည်တို့ လုပ်ကိုင်သောကုမ္ပဏီအုပ်စုဖြစ်ပါသည်။

အင်းစိန်မြို့နယ် တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့်ပန်းမန်လက်ကားဈေးကို တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်တို့သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း  အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အား ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စာရင်းမဝင်သော အများပိုင်ကုမ္ပဏီအဖြစ် အများပြည်သူသို့အစုရှယ်ယာများထုတ်ဝေရောင်းချခွင့်ပြုခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကို ရင်းနှီးဆောက်လုပ်အကောင်အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ပါသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တညင်းကုန်းအဆင့်မြင့် လက်ကားဈေးဆိုင်များအဆင့် (၁) (Phase 1) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး၊ ယခုအခါ ဈေးရုံအတွင်းလက်လီ၊လက်ကားရောင်းချသူ ၁၇၂၄ ဦး ရှိနေပြီးဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် MAEX သည် ရန်ကုန်စတော့အိပ်ချိန်း (Main Board) ၌ စာရင်းဝင်ကုမ္ပဏီဖြစ်ရန် ခွင့်ပြုချက်ရရှိခဲ့ပါသည်။

မြန်မာအက်ဂရိုအိတ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် https://www.maex.com.mm/