မူဝါဒရေးရာဖွံ့ဖြိုးတိုးတက်ရေးဌာန

မူဝါဒရေးရာဖွံ့ဖြိုးတိုးတက်ရေးဌာန၏လုပ်ငန်းတာဝန်များ

မူဝါဒ‌ရေးရာဖွံ့ဖြိုးတိုးတက်ရေးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


    • အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်မဟာဗျူဟာချမှတ်ရန်နှင့်ဥပဒေ ပြင်ဆင်ခြင်း အပါအဝင် ဈေးကွက်၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီမည့် ဥပဒေ ၊ နည်းဥပဒေများကို ကော်မရှင်က ပြင်ဆင်ချမှတ်နိုင်ရန် ပံ့ပိုးပေးခြင်း၊
    • ငွေချေးစာချုပ်ဈေးကွက်နှင့်စပ်လျဉ်း၍ အစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ် များ၏ ဆင့်ပွားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက် အစပျိုးနိုင်ရေးတို့အတွက် လိုအပ်သောမူဘောင်များ ချမှတ်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
    • ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများချမှတ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
    • ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များ နှင့် ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီ တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်တို့အား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
    • ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ဈေးကွက်ဆိုင်ရာမူဝါဒဌာနခွဲ၊ နိုင်ငံတကာ ဆက်ဆံရေးဌာနခွဲ၊ စောင့်ကြည့်ထိန်းချုပ်ခြင်း နှင့် သုတေသနဌာနခွဲ စသည့် ဌာန ခွဲ(၄)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ပေးခြင်း။