ဈေးကွက်ကြီးကြပ်ကွပ်ကဲခြင်းနှင့်စောင့်ကြည့်
လေ့လာခြင်းဌာန

ဈေးကွက်ကြီးကြပ်ကွပ်ကဲခြင်းနှင့်စောင့်ကြည့်
လေ့လာခြင်းဌာန၏လုပ်ငန်းတာဝန်များ

ဈေးကွက်ကြီးကြပ်ကွပ်ကဲခြင်းနှင့်စောင့်ကြည့်လေ့လာခြင်းဌာနသည် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများနှင့် ယင်းကုမ္ပဏီများသို့ လုပ်ငန်းလိုင်စင်နှင့် ခွင့်ပြုမိန့်များ ထုတ်ပေး ခြင်း၊ အများပိုင်ကုမ္ပဏီများမှ ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေရန် အတည်ပြုချက် ချမှတ်ပေးခြင်းနှင့် အဆိုပါ အများပိုင်ကုမ္ပဏီများ၏ သင့်တော်သော ကော်ပိုရိတ်ဖွင့်ဟ ကြေညာခြင်း၊ ထားရှိရမည့် စာရင်းကိုင်စံနှုန်း များကို သတ်မှတ်စစ်ဆေးခြင်းစသည်တို့ကို ဆောင်ရွက်ပါသည်။ ဈေးကွက်ကြီးကြပ်ကွပ်ကဲခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းဌာန လက်အောက်တွင် အောက်ဖော်ပြပါ ဌာနခွဲများဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်-

  • (၁) ကြီးကြပ်ကွပ်ကဲရေးဆိုင်ရာနည်းစနစ်များနှင့် စီမံကိန်းများဌာနခွဲ

    ကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ နည်းစနစ်များနှင့် စီမံကိန်းများဌာနခွဲသည် ဈေးကွက် ကြီးကြပ်ကွပ်ကဲခြင်းနှင့်စောင့်ကြည့်လေ့လာခြင်းဌာန၏ ကိစ္စရပ်များကို စီမံဆောင်ရွက်ပေး ခြင်းနှင့် အခြားဌာနများနှင့် ညိှနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခြင်း၊ ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများအား ကြီးကြပ်နိုင်မည့်စည်းမျဉ်းနှင့် လမ်းညွှန်ချက်များအစ ရှိသည့် ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ မူဝါဒများချမှတ်ပေးခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိစေမည့် ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ နည်းလမ်းများချမှတ်အကောင်အထည်ဖော်ခြင်း ၊ မူဝါဒရေးရာ ဌာနနှင့် စျေးကွက်စောင့်ကြည့်ရေးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ကာ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများအတွက် စည်းမျဉ်းစည်းကမ်းချမှတ် ထိန်းညှိခြင်းနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် မူဝါဒချမှတ်ခြင်းတို့ကို ဆောင်ရွက်ခြင်းစသည်ဖြင့်ဆောင်ရွက်လျက်ရှိပါသည်။

  • (၂) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများကြီးကြပ်ရေးဌာနခွဲ

    ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ ကြီးကြပ်ရေးဌာနခွဲသည် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများနှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ ငွေချေး သက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ ၂၅၊ ၂၆(ခ)၊ ၂၇ အရ ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား လုပ်ငန်းလိုင်စင်ထုတ် ပေးခြင်း ၊ ပုဒ်မ ၇(ခ)၊ ၁၁(ဂ)၊ (ဃ)အရ လိုအပ်သော ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ အရေးယူ အပြစ်ပေးခြင်း၊ ပုဒ်မ ၇(ဃ)အရ စီမံခန့်ခွဲမှုဆိုင်ရာ ဒဏ်ကြေးငွေများကောက်ခံခြင်းနှင့် ပုဒ်မ ၂၀(င)အရ စီးပွားရေးအစီရင်ခံစာများရယူ၍ off-site စောင့်ကြည့်ထိန်းချုပ်ခြင်းကဲ့သို့သော အရေးယူဆောင်ရွက်ခြင်းစသည်ဖြင့်ဆောင်ရွက်လျက်ရှိပါသည်။

  • (၃) စတော့အိပ်ချိန်းကြီးကြပ်ရေးဌာနခွဲ

    စတော့အိပ်ချိန်းကြီးကြပ်ရေးဌာနသည် စတော့အိပ်ချိန်း၊ ကောင်တာဈေးကွက်နှင့် ငွေချေးသက်သေခံလက်မှတ်များအပ်နှံခြင်း၊ စာရင်းရှင်းလင်းခြင်းလုပ်ငန်းများကို ကြီးကြပ် ကွပ်ကဲခြင်း၊ စတော့အိပ်ချိန်းနှင့် ကောင်တာဈေးကွက်လုပ်ကိုင်ရန် ခွင့်ပြုမိန့်ချမှတ်ပေးခြင်း၊ ပုဒ်မ (၈) (က)၊ ပုဒ်မ (၄၄)၊ ငွေချေးသက်သေခံလက်မှတ်များအပ်နှံခြင်း၊ စာရင်းရှင်းလင်း ခြင်းလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုမိန့်ချမှတ်ပေးခြင်း၊ ပုဒ်မ (၅၀) (ခ) နှင့် ၎င်းလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုမိန့်ရရှိသူများအား ကြီးကြပ်ခြင်းကို ဆောင်ရွက်ပါသည်။ ထို့အပြင် စတော့အိပ်ချိန်း၏ ဒါရိုက်တာများ ခန့်အပ်ခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၃၉) (က) (ခ) နှင့်အညီ ဆောင်ရွက်ခြင်း စသည်ဖြင့်ဆောင်ရွက်လျက်ရှိပါသည်။

  • (၄) ဖွင့်ဟကြေညာခြင်းနှင့်စာရင်းကိုင်စံများဆိုင်ရာလိုက်နာရမည့်နည်းလမ်းများသတ်မှတ်ရေး ဌာနခွဲ

    ဖွင့်ဟကြေညာခြင်းနှင့် စာရင်းကိုင်စံများဆိုင်ရာလိုက်နာရမည့် နည်းလမ်းများသတ်မှတ် ရေးဌာနသည် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများနှင့်ပတ်သက်၍  သင့်တော်မှန်ကန် သောဖွင့်ဟကြေညာခြင်းနှင့် စာရင်းကိုင်စံများဆိုင်ရာလိုက်နာရမည့်နည်လမ်းများ သတ်မှတ် ပေးခြင်း၊  အများပြည်သူသို့ ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေရောင်းချရန် အတည် ပြုပေးခြင်း၊ ပုဒ်မ(၃၅)အရ အများပိုင်ကုမ္ပဏီများ၏ ဖွင့်ဟကြေညာခြင်းဆိုင်ရာ သတင်း အချက်အလက်များကို အတည်ပြုစစ်ဆေးခြင်းနှင့် ပုဒ်မ(၁၂) အရ စာရင်းကိုင်စံနှုန်းများ ဆိုင်ရာ ရှုထောင့်မှကြီးကြပ်ကွပ်ကဲခြင်းကို ဆောင်ရွက်ခြင်း ၊ အချက်အလက်များ ဖလှယ် ခြင်းနှင့် ခိုင်မာသောဥပဒေစည်းမျဉ်းမူဘောင်တစ်ရပ် ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်း တို့ကိုဆောင်ရွက်လျက်ရှိပါသည်။