ကော်မရှင်၏ လုပ်ငန်းတာဝန်များ

  • (က) ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလိုင်စင်လက်မှတ် ထုတ်ပေးရန် လျှောက်ထားချက်ကိုစိစစ်ပြီး လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း၊
  • (ခ) လိုင်စင်ရရှိသူက တာဝန်နှင့်စည်းကမ်းချက်တစ်ရပ်ရပ်ကို ​ဖောက်ဖျက်လျှင် လိုင်စင်ကို ကာလ သတ်မှတ် ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း၊
  • (ဂ) လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားချက်ကို စိစစ်ပြီး လိုင်စင်သက်တမ်းတိုးမြှင့်ခြင်း၊
  • (ဃ) သတ်မှတ်ချက်များနှင့်အညီ လိုင်စင်ခများ၊ ဒဏ်ကြေးများ ကောက်ခံခြင်း၊
  • (င) စတော့အိပ်ချိန်းတည်ထောင်ခွင့်ပြုရန် လျှောက်ထားချက်ကို စိစစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မ ဟုတ် ခွင့်ပြုရန်ငြင်းပယ်ခြင်း၊
  • (စ) စတော့အိပ်ချိန်းက လိုက်နာရမည့် တာဝန်နှင့်စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် ခွင့်ပြုမိန့် ကို ကာလသတ်မှတ်ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း၊
  • (ဆ) အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ပါက စတော့အိပ်ချိန်းအား ထုတ်ပေးထားသည့် ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းနိုင်သည် –
      (၁) အကြောင်းတစ်ရပ်ရပ်ကြောင့် စတော့အိပ်ချိန်းလုပ်ငန်း ရပ်စဲသွားခြင်း၊
      (၂) စတော့အိပ်ချိန်းကို ဖျက်သိမ်းခြင်း၊
      (၃) စတော့အိပ်ချိန်းတွင် သတ်မှတ်ထားသည့် အနည်းဆုံးပါဝင်ရမည့် ငွေချေးသက်သေခံလက် မှတ်ကုမ္ပဏီ အရေအတွက်အောက် လျော့နည်းသွားခြင်း၊
      (၄) ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ အခန်း (၉)ပါ တားမြစ် သည့် ပြုလုပ်မှုများအရ အများပြည်သူအကျိုးနှင့် ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ် ပေးမှုကို သိသာထင်ရှားစွာ ထိခိုက်နစ်နာစေသော လုပ်ငန်းကိုဆောင်ရွက်ခြင်း။
  • (ဇ) ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီနှင့် စတော့အိပ်ချိန်း၏ စာရင်းစစ်ခန့်ထားရေးအတွက်တင်ပြချက်ကို စိစစ်ပြီး ခွင့်ပြုချက်ပေးနိုင်သည်။
  • (ဈ) စတော့အိပ်ချိန်း၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့် ယင်းဖွဲ့စည်းပုံစည်းမျဉ်းကို သတ်မှတ်ချက်များ နှင့်အညီ ပြင်ဆင်နိုင်ရန် ခွင့်ပြုချက်ပေးနိုင်သည်။
  • (ည) စာရင်းမဝင်သော ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးအတွက် ကောင်တာဈေးကွက် တည်ထောင်ခွင့်ပြုရန် ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အတူ သတ်မှတ်ချက်များ နှင့် အညီငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများက စုပေါင်း၍လျှောက်ထားလာလျှင် ခွင့်ပြုမိန်ထုတ်ပေးခြင်း
  • (ဋ) ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းနှင့် သက်ဆိုင်သောကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည့် အကြံဉာဏ်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊
  • (ဌ) လိုအပ်သော လုပ်ငန်းကော်မတီများ၊ အဖွဲ့များကို ဖွဲ့စည်းပြီး ယင်းတို့၏လုပ်ငန်းတာဝန်များကိုသတ်မှတ်ပေးခြင်း၊
  • (ဍ) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကိုဖြစ်စေ၊ ကောင်တာဈေးကွက်ကိုဖြစ်စေ၊ စတော့အိပ်ချိန်းကိုဖြစ်စေ လိုအပ်သလို ညွှန်ကြားခြင်း၊
  • (ဎ) ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရမည်။ ထို့ပြင် အခါအားလျော်စွာစုံစမ်းမှုနှင့် စစ်ဆေးမှုများ ပြုလုပ်ခြင်း၊
  • (ဏ) ပြည်ထောင်စုအစိုးရအဖွဲ့က ပေးအပ်သော အခြားလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း၊