ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန

ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန၏လုပ်ငန်းတာဝန်များ

ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာနအားဌာနခွဲ(၄)ခုဖြင့်ဖွဲ့စည်းထားပါသည်။ယင်းတို့မှာ-

  • (၁) စုံစမ်းထောက်လှမ်းရေးစီမံချက်နှင့်နည်းလမ်း

    ဌာနရေးရာကိစ္စရပ်များစီမံခန့်ခွဲခြင်း၊ စုံစမ်းထောက်လှမ်းရေး မဟာဗျူဟာများ ချမှတ်ခြင်း ၊ လုပ်ငန်းစစ်ဆေးခြင်းဆိုင်ရာမူဝါဒများနှင့် လမ်းညွှန်ချက်များဖော်ထုတ်ခြင်း၊ ဈေးကွက်ကြီးကြပ် စစ်ဆေး ခြင်းဌာနနှင့် သတင်းအချက်အလက်များလှယ်ခြင်း၊ လိုအပ်သောစုံစမ်းထောက် လှမ်းရေး နည်းလမ်းများ အဆိုပြုတင်ပြခြင်း၊

  • (၂) ဈေးကွက်စုံစမ်းထောက်လှမ်းခြင်း

    ဌာနရေးရာကိစ္စရပ်များစီမံခန့်ခွဲခြင်း၊ ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းမဟာဗျူဟာများ၊ လုပ်ငန်း  စစ်ဆေးခြင်း ဆိုင်ရာမူဝါဒများနှင့် လမ်းညွှန်ချက်များဖော်ထုတ်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ အခန်း(၉)ပါ တားမြစ်ချက်များအား ကျူးလွန်သူများကို စုံစမ်း စစ်ဆေးခြင်း၊ ဈေးကွက်ကြီးကြပ် စစ်ဆေးခြင်းဌာနနှင့် သတင်းအချက်အလက်များလှယ်ခြင်း၊ ရန်ကုန် စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏  အရောင်းအဝယ် အခြေ အနေအား နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊(၃)လပတ်နှင့်နှစ်စဉ်စသည့်စာရင်းများကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဗဟိုစာရင်းအင်းအဖွဲ့သို့ ပေးပို့တင်ပြခြင်း၊

  • (၃) လုပ်ငန်းခွင်သို့သွားရောက်စစ်ဆေးခြင်း

    ရန်ကုန်စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ များအား ကော်မရှင်မှ အတည်ပြုထားသည့် လုပ်ငန်းစစ်ဆေးရေးလမ်းညွှန်နှင့်အညီ  မမျှတသော ရောင်းဝယ်မှု များအား တားဆီးခြင်း၊ Online ဖြင့် ရောင်းဝယ်ဆောင်ရွက်ခြင်း၊  System Risk ၊ စည်းမျဉ်းလိုက်နာ ဆောင်ရွက်မှု၊ ကိုယ်ပိုင်ရောင်းဝယ် ခြင်း/ ကိုယ်စားဆောင်ရွက်ခြင်း၊ ကြော်ငြာခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး၊ လုပ်ငန်းစီမံခန့်ခွဲမှု ဌာနတွင်းထိန်းချုပ်မှု စသည့် တို့ကို စစ်ဆေးခြင်း၊လုပ်ငန်း‌စစ်ဆေးရေးရလဒ်အား အစီရင်ခံခြင်း၊ စစ်ဆေးရေးရလဒ်ကို ဈေးကွက်ကြီးကြပ် စစ်ဆေးခြင်းဌာနအား မျှဝေခြင်း၊ စစ်ဆေးတွေ့ရှိချက်များကို ကော်မရှင်ဝက်ဒ်ဆိုဒ်တွင် ထုတ်ပြန်ခြင်း၊

  • (၄) အရေးယူဆောင်ရွက်ခြင်း

    သတင်းပို့အဖွဲ့အစည်းများ၏ မြန်မာငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတ်မှတ် ပမာဏထက်ကျော်လွန်သော          ငွေကြေးလွှဲပြောင်းမှုများနှင့် သံသယဖြစ်ဖွယ်လွှဲပြောင်းမှုများကို ကြီးကြပ် ခြင်း၊ သတင်းပို့အဖွဲ့အစည်းများထံ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာ မေးခွန်းလွှာများ ပေးပို့ခြင်း၊ဥပဒေ၊ စည်းမျဉ်းစည်းကမ်းချိုးဖောက်သော မည်သူကိုမဆို စုံစမ်းဖော်ထုတ်ရန် Complaint Box ထားရှိခြင်း၊  ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ် ရေးဥပဒေ အခန်း(၁၂)ပါ အခြားသော တားမြစ်သည့်လုပ်ရပ်များ၊ ဈေးကွက်အား ကမောက်ကမ ဖြစ်စေသော ဆောင်ရွက်ချက်များ၊ အတွင်း သတင်းများဖြင့် ရောင်းဝယ်ဆောင်ရွက်မှု၊ မှားယွင်းသော သတင်းထုတ်ဖော်ကြေညာခြင်းအား အရေးယူဆောင်ရွက်ခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ကျူးလွန် သူများအား  စုံစမ်းဖော်ထုတ်ခြင်း၊