စီမံရေးရာဌာန

စီမံရေးရာဌာန၏လုပ်ငန်းတာဝန်များ

စီမံရေးရာဌာနသည် အဖွဲ့အစည်းတစ်ခုလုံးနှင့် စပ်ဆိုင်သောကိစ္စရပ်များကို စီမံခန့်ခွဲရန် တာဝန်ရှိပြီး၊ စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများကိုလည်း ဆောင်ရွက်သည်။ ဌာနတွင် ဌာနခွဲ(၅)ခုဖြင့် လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်လျက်ရှိသည်။

  • (၁) ညှိနှိုင်းဆောင်ရွက်ရေးဌာနခွဲ

    ဤဌာနခွဲသည် စီမံရေးရာ ကိစ္စရပ်များကိုဆောင်ရွက်ပြီး အခြားဌာနများအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဌာနကိုယ်စားပြုဆောင်ရွက်ခြင်း၊ ကော်မရှင်အစည်းအဝေးများစီစဉ်
    ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်းနှင့်ဌာနတွင်းလုပ်ငန်းများအတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးခြင်းနှင့် အများနှင့် ဆက်ဆံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သည်။

  • (၂) လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးဌာနခွဲ

    ဤဌာနခွဲသည် ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း၊ ဝန်ထမ်းများအား လေ့ကျင့်သင်ကြား ပေးခြင်း၊ လုပ်ငန်းတာဝန်များ ခွဲဝေချထားပေးခြင်း၊ လစာနှုန်း သတ်မှတ်ခြင်း၊ ကော်မရှင်
    အဖွဲ့ဝင် များအစားထိုး ခန့်အပ်တာဝန်ပေးသည့် လုပ်ငန်းစဉ်အား ပံ့ပိုးခြင်းများ ဆောင်ရွက် သည်။

  • (၃) ဘဏ္ဍာရေးရာနှင့်ဝန်ထမ်းသက်သာချောင်ချိရေးဌာနခွဲ

    ဤဌာနခွဲသည် ဘဏ္ဍာရေးပေါ်လစီများချမှတ် အကောင်အထည်ဖော်ခြင်း၊ ကော်မရှင် ၏ ရသုံးမှန်းခြေငွေစာရင်းအားရေးဆွဲခြင်း၊ အသုံးစရိတ်များ ခွဲဝေချထားပေးခြင်း၊
    ရုံးသုံးပစ္စည်းများခွဲဝေ ချထားပေးခြင်း၊ ရုံးပိုင်ပစ္စည်းများကို စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်သည်။ ထို့အပြင် ဝန်ထမ်းများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုင်စင်ကြေးများကို ကောက်ခံခြင်းတို့ကိုဆောင်ရွက်သည်။

  • (၄) သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ

    ဤဌာနခွဲသည် IT System များကို စတင်မိတ်ဆက် သုံးစွဲစေခြင်း၊ ပုံမှန်စစ်ဆေး ထိန်းသိမ်းခြင်းနှင့် ကော်မရှင်၏ IT System များဖွံ့ဖြိုးလာစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

  • (၅) ဌာနတွင်းစာရင်းစစ်ဌာနခွဲ

    ဤဌာနခွဲသည် အဖွဲ့အစည်း၏ လိုက်နာဆောင်ရွက်မှုကို စစ်ဆေးနိုင်ရန် ကော်မရှင်နှင့် ရုံး အဖွဲ့အား ပုံမှန်ဌာနတွင်းစာရင်းစစ်ဆေးခြင်းကို ဆောင်ရွက်သည်။ ပြင်ပစာရင်းစစ်အဖြစ် စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခြင်းကို ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သော စာရင်းဇယားများ ကိုလည်း ပံ့ပိုးဆောင်ရွက်ပေးသည်။