ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ

ကုမ္ပဏီအမှတ်တံဆိပ် ကုမ္ပဏီအမည် ဝဘ်ဆိုဒ်လင့်ခ်

KBZ Stirling Coleman Securities (KBZSC) သည် KBZ အုပ်စုနှင ် Stirling Coleman Holdings တ ုို့အက ျိုးတူပူပပေါင်ျိုး၍
မြန်ြာန ုင်ငံရှ ရန်ကုန်စပတာ အ တ်ခ န်ျိုးတွင် ရင်ျိုးနှ ျိုးမြ ပ်နှံြှု နှင ်အကကံပပျိုးမခင်ျိုးဆ ုင်ရာ ဝန်ပဆာင်ြှုလုပ်ငန်ျိုးြ ာျိုးစွာ ဝန်ပဆာင်ြှု
ပပျိုးလ က်ရှ သည ်ကုြပဏ တစ်ခုမြစ်ပေါသည်။ KBZSC သည် မြန်ြာန ုင်ငံပတာ်အစ ုျိုးရ၊ ဘဏ္ဍာပရျိုးဝန်ကက ျိုးဌာနြှ အပ်နှင်ျိုးသည ်
Underwriter License က ု ၂၀၁၅ခုနှစ်တွင်လက်ခံရရှ ခ သည ် ပထြဆံုျိုးပသာ ပုဂ္ဂလ က ပငွပခ ျိုးသက်ပသခံလက်ြှတ်ရ
ကုြပဏ မြစ်ပေါသည်

ကေဘီဇက်စတာလင်းကိုးလ်မန်း ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီလီမိတက်

(လိုင်စင်အမှတ်-၀၀၁)
https://kbzsc.com

Myanmar Securities Exchange Centre Co.,Ltd (MSEC) ကို ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ၊ မြန်မာ့စီးပွားရေးဘဏ်မှ  (၅၀) ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံ၊ Daiwa Securities Groupမှ (၅၀) ရာခိုင်နှုန်းစီ အချိုးကျထည့်ဝင်ကြပြီး  အကျိုးတူ
ဖက်စပ်ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ Myanmar Securities Exchange Centre Co.,Ltd (MSEC) သည် မြန်မာနိုင်ငံတွင် အများပိုင် ကုမ္ပဏီများအနေဖြင့် အစုရှယ်ယာများ အများပြည်သူသို့ ကနဦးကမ်းလှမ်းရောင်းချခြင်း (IPO) နှင့် ရန်ကုန်စတော့အိပ်ချိန်း (YSX) သို့ စာရင်းဝင်ခြင်း (Listing)၊ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်း လုပ်ငန်းတွင် အတွေ့အကြုံ များစွာရှိသော ဦးဆောင်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

Securities Brokerage – ရင်းနှီးမြှပ်နှံသူများ ကိုယ်စား ငွေးချေး သက်သေခံလက်မှတ်များ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းများကိုကြားခံ အကျိုးဆောင်အဖြစ် ဆောင်ရွက်ခြင်း။

Advisory Service for Listing and IPO – အရင်းအနှီးတိုးမြှင့်တင်ရန်နှင့် ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းသွင်းရန် ရည်မှန်းထားသည့်ကုမ္ပဏီများ အား အကြံပေးလုပ်ငန်းဆောင်ရွက်ခြင်း။

Buying/Selling Bond – အစိုးရ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များအား ရင်းနှီးမြှပ်နှံသူများသို့ ဝယ်ယူရင်းနှီးမြှပ်နှံခြင်း နှင့် ပြန်လည်ရောင်းချနိုင်ရန် ဝန်ဆောင်မှုဆောင်ရွက်ခြင်း။

ကျွန်ုပ်တို့၏ မှတ်တိုင်များ

၁၉၉၆ : မြန်မာ့စီးပွားရေးဘဏ်နှင့် Daiwa Securities Group Inc. တို့ပူးပေါင်း၍ အကျိုးတူ ဖက်စပ် ကုမ္ပဏီအဖြစ် MSEC ကိုဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါသည်။ Securities Exchange Law ရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းနှင့် Forest Products Joint Venture Corporation ရှယ်ယာများ ကောင်တာ စျေးကွက်တွင် ရောင်းချခြင်းကို ကူညီလုပ်ဆောင်ခဲ့ပါသည်။

၁၉၉၇ : ငွေတိုက်စာချုပ်များရောင်းချခြင်း အတွက် အရောင်းကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခန့်အပ်ပေးခဲ့ပါသည်။

၂၀၀၆ : ကောင်တာ ဈေးကွက်တွင် Myanmar Citizens Bank Ltd အား စာရင်းဝင်ကုမ္ပဏီအဖြစ်ပါဝင် စေရန် ရွေးချယ်ဆောင်ရွက်ခဲ့ပါသည်။

၂၀၀၈ : ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရှေ့နေချုပ်ရုံးနှင့် ပြည်ထဲရေး ဝန်ကြီး ဌာန တို့ လက်အောက်ရှိ အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင်ပါဝင်ကူညီ ဆောင်ရွက်ပေး ခဲ့ပါသည်။

၂၀၁၂ : ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး စည်းမျဉ်း များ ရေးဆွဲရာတွင် ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

၂၀၁၆ : မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် မှ ငွေချေးသက်သေ ခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး လိုင်စင် ကိုရရှိခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ စာရင်း သွင်းရန်အတွက် First Myanmar Investment Public Co., Ltd နှင့် Myanmar Citizens Bank Ltd တို့ကို အောင်မြင်စွာ အကြံပေးအဖြစ် ဝန်ဆောင်မှု ပေးခဲ့ပါသည်။

၂၀၁၇ : ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ First Private Bank Ltd အားစာရင်းဝင်ရန် အတွက် အောင်မြင်စွာ အကြံပေး အဖြစ်ဝန်ဆောင်မှုပေးခဲ့ပါသည်။

၂၀၁၈ : ကနဦးကမ်းလှမ်းရောင်းချရန် (IPO) နှင့် ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ TMH Telecom Public Co., Ltd အား စာရင်းဝင်ရန်အတွက် အောင်မြင်စွာ အကြံပေးအဖြစ် ဝန်ဆောင်မှုပေးခဲ့ပါသည်။

၂၀၁၉ : ရန်ကုန်စတော့အိတ်ချိန်း (YSX) မှ ပေးအပ်သောရှယ်ယာအရောင်းအ၀ယ် အများဆုံးနှင့် အရင်း အနှီးအများဆုံးအတွက် ဆုများ ရရှိခဲ့ပါသည်။

၂၀၂၁ : ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ Amata Holding Public Co., Ltd အား စာရင်း ဝင်ရန် အတွက် အောင်မြင်စွာ အကြံပေးအဖြစ် ဝန်ဆောင်မှုပေးခဲ့ပါသည်။

မြန်မာငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်

(လိုင်စင်အမှတ်-၀၀၂)
https://www.msecmyanmar.com/

AYA Trust Securities သည် AYA Financial Group ၏ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းနှင့်ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ဘဏ်လုပ်ငန်းများ၏ လက်ရုံးဖြစ်ပါသည်။ ရန်ကုန်စတော့ဈေးကွက်တွင်တစ်ဦးချင်းနှင့် ကုမ္ပဏီအလိုက် ရင်းနှီးမြှပ်နှံလိုသူများအတွက် ငွေချေးသက်သက်ခံလက်မှတ်လုပ်ငန်းရောင်းဝယ်ရေးဝန်ဆောင်မှု၊ ဘဏ္ဍာရေးဆိုင်ရာအကျိုးဆောင်ပေးခြင်းနှင့် အကြံညဏ်ပေးခြင်း၊ကုမ္ပဏီများအတွက် လုပ်ငန်းတိုးချဲ့ရန် အရင်းအနှီးရှာဖွေပေးခြင်းတို့ကို Customer များ၏လိုအပ်ချက်အတိုင်း အောင်မြင်ပြီးမြောက်သည်အထိ AYA Trust မှ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

ဧရာထရက်(စ်) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီလီမိတက်

(လိုင်စင်အမှတ်-၀၀၃)
https://www.ayatrustsc.com

CB Securities Limited သည် CB Bank PCL မှ ရာနှုန်းပြည့်ပိုင်ဆိုင်သောကုမ္ပဏီတစ်ခုဖြစ်ပြီး 2015 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ CB Securities Limited သည် ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်း၊ ကိုယ်ပိုင်ရောင်းဝယ်ခြင်း၊ ရောင်းဝယ်ရာတွင် အကျိုးဆောင်အဖြစ် ဆောင်ရွက် ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက်အကြံပေးခြင်းတို့အတွက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှသတ်မှတ်ပေးသော တရားဝင်လိုင်စင်များရယူ၍လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ရန်ကုန်စတော့ အိပ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ဆောင်ရွက်ခွင့် နှင့် ငွေဖြစ်လွယ်မှုထောက်ပံ့ဆောင်ရွက်ခွင့်ရရှိသော အဖွဲ့ဝင်ကုမ္ပဏီတခုလည်းဖြစ်ပါသည်။

စီဘီငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီလီမိတက်

(လိုင်စင်အမှတ် -၀၀၄)
https://cbsecurities.com.mm/

KTZ Ruby Hill (KTzRH) Securities Co., Ltd. သည် မြန်မာနိုင်ငံရှိ ရန်ကုန်စတော့အိတ်ချိန်း အတွက် စတော့ရှယ်ယာများ ရောင်း၀ယ်ခြင်းလုပ်ငန်း၊ ငွေကြေးဆိုင်ရာ အကြံပေးခြင်းလုပ်ငန်း၊ ရင်းနှီးမြှုပ်နံမူဆိုင်ရာဘဏ်လုပ်ငန်းနှင့် ငွေချေးသက်သေခံလက်မှတ်များ ရောင်း၀ယ်ရေးလုပ်ငန်းများ အပြည့်အစုံ ပါ၀င်သော ငွေချေးသက်သေခံလက်မှတ်ရောင်း၀ယ်ရေး လုပ်ငန်းလိုင်စင် ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး လူသုံးကုန်ပစ္စည်းများ ပံ့ပိုးပေးသည့် လွယ်ဟိန်းအုပ်စု ၏လုပ်ငန်းခွဲများထဲမှ တစ်ခုဖြစ်သည့် Ruby Hill Financial Company Limited နှင့် ထိုင်းနိုင်ငံ၏ အကောင်းဆုံး ငွေချေးသက်သေခံလက်မှတ်ရောင်း၀ယ်ရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် Krungthai Xspring တို့၏ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့၏ အဓိကလုပ်ငန်းမှာ အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သူများအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို မြှင့်တင်ရန်ဖြစ်သည်။ KTzRH သည် အတွေ့အကြုံ ရင့်ကျက်သော စျေးကွက်ရှာဖွေရေး အရာရှိများနှင့် သုတေသနအဖွဲ့များမှ အခြေခံကျသောနည်းလမ်းနှင့် နည်းပညာအခြေခံသောနည်းလမ်း နှစ်မျိုးလုံးဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံဉာဏ်များ ပေးဆောင်ခြင်းဖြင့် ပြည်တွင်းရှိ တစ်ဦးချင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်စုံ၍ အရည်အသွေးရှိသော ဝန်ဆောင်မှုများကို ပေးပါသည်။

ကေတီဇက်ရူဘီဟေးလ်ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီလီမိတက်

(လိုင်စင်အမှတ်-၀၀၅)
https://www.ktzrh.com

ယူအေဘီငွေချေးသက်သေခံလက်မှတ်လီမိတက်သည် ၂၀၁၆ ခုနစ်တွင် စတင် တည်ထောင်ခဲ့ပြီးမြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ထံမှ ပထမဆုံးသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလိုင်စင် ရရှိခဲ့ကာရန်ကုန်စတော့အိပ်ချိန်း၏ တရားဝင် Trading Partner အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Global Banking and finance မှချီးမြှင့်သည့် Best Investment Bank Myanmar ဆုအား (၃) နှစ် ဆက်တိုက် ရယူနိုင်ခဲ့ပါသည်။
ယူအေဘီငွေးချေးသက်သေခံလက်မှတ်လီမိတက်သည် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍတွင် အောင်မြင်သော အသွင်ကူးပြောင်းမှုများအတွက်ဦးဆောင်ဆောင်ရွက်လျက်ရှိသော ယူအေဘီ ဘဏ်၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး ယူအေဘီဘဏ်သည် Euromoney မှ ချီးမြှင့်သော’Myanmar’s Best Bank’ ၊ Global Banking and Finance မှ ချီးမြှင့်သော ‘Best Bank for Corporate Governance Myanmar ‘ ၊Asian Banking and Finance မှ ချီးမြှင့်သော ‘ Mid-sized Domestic Retail Bank of the Year’ နှင့် Myanmar Centre for Responsible Business မှ ထုတ်ဝေ သော Time Pwint Thit Sa Report ၏ Corporate Governance Disclosure တွင် နံပါတ် (၁) အဖြစ် ရပ်တည်ခဲ့သည်။

ယူအေဘီငွေချေးသက်သေခံလက်မှတ်လီမိတက်

(လိုင်စင်အမှတ်-၀၀၆)
https://www.uabsc.com.mm/