မကြာခဏမေးသောမေးခွန်းများ
(က) ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ ပုဒ်မ(၃၅) ပုဒ်မခွဲ(က)အရ အများနှင့်သက်ဆိုင်သောကုမ္ပဏီများအနေဖြင့် ငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းမပြုမီ အလားအလာညွှန်းတမ်း (Prospectus) အား ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်သို့တင်ပြအတည်ပြုချက်ရယူရန်လိုအပ်ပါသည်။ (ခ) သို့ရာတွင် ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးနည်းဥပဒေ ၁၀၇ ဖော်ပြထားသည့် ကိစ္စရပ်များသည် ကော်မရှင်မှထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ၊ အမိန့်၊ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်လျှင် အလားအလာညွှန်တမ်းကို ကော်မရှင်၏ အတည် ပြုချက်ရယူရန်မလိုအပ်ပေ။
စာရင်းဝင်စံသတ်မှတ်ချက်ဆိုသည်မှာ ရန်ကုန်စတော့အိပ်ချိန်း(YSX) ၌ စာရင်းဝင်ဖြစ်လိုသော အများပိုင်ကုမ္ပဏီတစ်ခုအတွက် အခြေခံလိုအပ်ချက်/စံသတ်မှတ်ချက်များဖြစ်ပါသည်။ စာရင်းဝင်ဖြစ်လိုသော အများပိုင်ကုမ္ပဏီတစ်ခုအနေဖြင့်ရန်ကုန်စတော့အိပ်ချိန်း(YSX)၌စာရင်းဝင်ပြီးအစုရှယ်ယာများ ရောင်းဝယ်မှု မပြုလုပ်မီစာရင်းဝင်စံသတ်မှတ်ချက်များကို ပြည့်မီရမည်ဖြစ်ပါသည်။
ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများကို တစ်ဦးချင်းနှင့်အဖွဲ့အစည်းအလိုက် ရင်းနှီးမြုပ်နှံသူများရန်ကုန်စတော့အိပ်ချိန်း(YSX) တွင် အရောင်းအဝယ်ပြုလုပ်နိုင်ရန် စိစစ်ခွင့်ပြုခြင်းကို ဆိုလိုပါသည်။စတော့အိပ်ချိန်း၌ စာရင်းဝင်ခြင်းပြီးသည်နှင့် တစ်ပြိုင်နက် ကုမ္ပဏီ၏ အစုရှယ်ယာများကိုအများပြည်သူမှ ပွင့်လင်းမြင်သာစွာရင်းနှီးမြုပ်နှံနိုင်ပါသည်။
အများပိုင်ကုမ္ပဏီများအနေဖြင့် ရန်ကုန်စတော့အိပ်ချိန်းမှာစာရင်းဝင်ခြင်းဖြင့်- (က) အဆင်ပြေချောမွေ့စွာ ဘဏ္ဍာငွေဖြည့်တင်းနိုင်ခြင်း ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ပြီးသည်နှင့် တစ်ပြိုင်နက် ကုမ္ပဏီ၏ အစုရှယ်ယာများကိုဈေးကွက်ပေါက်ဈေးဖြင့် အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းဖြင့် မိမိကုမ္ပဏီ၏ ဘဏ္ဍာငွေကိုတိုက်ရိုက်ဖြည့်တင်းနိုင်ပြီး ကုမ္ပဏီဖွံ့ဖြိုးတိုးတက်စေရန် ဈေးကွက်တွင် ပိုမိုထိရောက်စေသော နည်းလမ်းမျိုးစုံဖြင့်ဘဏ္ဍာငွေဖြည့်တင်းနိုင်မည်ဖြစ်ပါသည်။ (ခ) ကော်ပိုရိတ်/ကုမ္ပဏီ တန်ဖိုးမြင့်တက်စေနိုင်ခြင်း (ဂ) ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုစနစ် ပိုမိုကောင်းမွန်လာစေခြင်းနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်ဓာတ်တက်ကြွမှုတိုးပွားလာစေခြင်း အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
ကုမ္ပဏီမှ ရွေးချယ်ထားသော ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ၊စာရင်းစစ်လုပ်ငန်း ၊ ကုမ္ပဏီနှင့်ဥပဒေအကြံပေးကုမ္ပဏီများ၏ အထောက်အပံ့နှင့်အကြံဉာဏ်များရယူ၍ ရန်ကုန်စတော့အိတ်ချိန်း(YSX)မှ ထုတ်ပြန်ထားသည့် လိုအပ်သောစာရွက်စာတမ်းများကို ပြင်ဆင်ပြီး ရန်ကုန်စတော့အိတ်ချိန်း(YSX) သို့ စာရင်းဝင်နိုင်ရန် လျှောက်လွှာတင်သွင်းရမည်ဖြစ်ပါသည်။ရန်ကုန်စတော့အိပ်ချိန်း (YSX)ရှိListing and Trading Participant Department မှအရည်အချင်းကိုက်ညီမှု ရှိ၊မရှိ စိစစ်ပါသည်။ကနဦးလျှောက်လွှာတင်သွင်းသည့် နေ့ရက်မှသဘောတူခွင့်ပြုချက်ရရှိသည်အထိအနည်းဆုံးရက်ပေါင်း ၄၅ ရက်ခန့်ကြာမြင့်ပါသည်။
ရန်ကုန်စတော့အိပ်ချိန်းမှာ အနိမ့်ဆုံးသတ်မှတ်ထားသောစာရင်းဝင်စံသတ်မှတ်ချက် ၁၇ ချက် နှင့်ကိုက်ညီ၍ပေးရန်တာဝန်ကန့်သတ်ထားသည့် အများပိုင်ကုမ္ပဏီများသာစာရင်းဝင်နိုင် ပါသည်။
ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီ တစ်ခုအားအောက်ဖော်ပြပါကိစ္စရပ်များကြောင့် စာရင်းဝင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်နိုင်ပါသည်- (က) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၏ ပြဌာန်းချက်များအရ ဒေဝါလီခံရခြင်းလုပ်ငန်းစဉ်စတင်ဆောင်ရွက်ခြင်း သို့မဟုတ် အလားတူအခြေအနေသို့ကျရောက်နေခြင်း၊ (ခ) ကုမ္ပဏီမှ အစုရှယ်ယာ လွှဲပြောင်းခြင်းဆိုင်ရာကန့်သတ်ချက်များ၊ တားမြစ်ချက်များကို ပြုလုပ်ခြင်း၊ (ဂ) ယုံကြည်အပ်နှံထားသော အစုရှယ်ယာရှင်ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ဆိုင်းခြင်း (ဃ) အစုရှယ်ယာများကို သတ်မှတ်ထားသောအစုရှယ်ယာလွှဲပြောင်းပေးအပ်သည့် အဖွဲ့အစည်းမှ ကိုင်တွယ်ဆောင်ရွက်နေမှုကိုရပ်ဆိုင်းခြင်း (သို့) အလားတူဖြစ်စဉ်များ ဖြစ်ပေါ်ခြင်း၊ (င) အစုရှယ်ယာများအား စာရင်းဝင်အဖြစ်မှပယ်ဖျက်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများကိုအကာအကွယ်ပေးရန် (သို့) အများပြည်သူအကျိုးစီးပွားအတွက် ပယ်ဖျက်သင့်သည်ဟု ရန်ကုန်စတော့အိတ်ချိန်းမှ ထင်မြင်ယူဆခြင်း၊ အထက်ဖော်ပြပါ ကိစ္စရပ်များ ဖြစ်ပေါ်ခြင်းမရှိသော်လည်း စာရင်းဝင်ကုမ္ပဏီသည် ဆန္ဒအလျောက်ကိုယ်တိုင်စာရင်းဝင်ကုမ္ပဏီအဖြစ်မှပယ်ဖျက်ရန် လျှောက်ထားနိုင်သည်။
(အစုရှယ်ယာမှတ်ပုံတင်ခြင်းဆိုင်ရာ ပြင်ဆင်မှုနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို ကန့်သတ်ခြင်း)၊
“Floating Share” ဆိုသည်မှာ အောက်ပါအစုရှယ်ယာများပိုင်ဆိုင်သော အစုရှယ်ယာများမှ (က) ကုမ္ပဏီမှထုတ်ဝေထားသော အစုရှယ်ယာ၏၁၀% နှင့်အထက် ပိုင်ဆိုင်ထားသည့် အစုရှယ်ယာမှပိုင်ဆိုင်သော အစုရှယ်ယာများ၊ (ခ) ဒါရိုက်တာ သို့မဟုတ် အဆင့်တူပုဂ္ဂိုလ်များ၊အစုရှယ်ယာထုတ်ဝေသူ၊ ဒါရိုက်တာတစ်ဦးဦး၏ဆွေမျိုးသားချင်းများ မဲပေးခွင့်များစွာ ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ၊ ဆက်စပ် ကုမ္ပဏီ (သို့) ထိုကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဦးအစရှိသော ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများမှ ပိုင်ဆိုင်ထားသည့် အစုရှယ်ယာများ၊
အပ ကျန်သောအစုရှယ်ယာများကိုဆိုလိုပါသည်−
စာရင်းဝင်မည့်ကုမ္ပဏီမှ ရွေးချယ်ထားသောSecurities Company သည် ရန်ကုန်စတော့အိပ်ချိန်းသို့ စာရင်းဝင်လျှောက်လွှာတင်ရာတွင်ထောက်ခံချက်ပေးရန်အတွက် “DueDiligence”ပြုလုပ်ရန်ဖြစ်ပြီး Accounting Firm သည်ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များကို မြန်မာနိုင်ငံ စာရင်းကောင်စီမှ ထုတ်ပြန်ထားသောစာရင်းကိုင်စံများနှင့်အညီ ဖြစ်စေရေးဆောင်ရွက်ပေးရန်ဖြစ်သည်။
အတွင်းသတင်းအချက်အလက်များကို အသုံးပြု၍ကြိုတင်ရောင်းဝယ်မှုပြုလုပ်ခြင်း(Insider Trading)ဆိုသည်မှာ အများပြည်သူသို့ ထုတ်ပြန်ခြင်းမရှိသေးသောသတင်းအချက်အလက်များကို အသုံးပြု၍ အစုရှယ်ယာရောင်းဝယ်မှုပြုလုပ်ခြင်းဖြစ်သဖြင့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေပုဒ်မ(၄၉) ပုဒ်မခွဲ(ဂ) အား ချိုးဖောက်ခြင်ဖြစ်သည့်လုပ်ရပ်ဖြစ်ပါသည်။