ဒေါ်နွဲ့နွဲ့ဝင်းသည်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှB.Com(ဝါဏိဇ္ဇဗေဒ)ဘွဲ့၊ မြန်မာနိုင်ငံ စာရင်း ကောင်စီ မှ စာရင်းကိုင် ဒီပလိုမာ၊ ပညာရေးဝန်ကြီးဌာနမှ မှတ်ပုံတင်ရှေ့နေ၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ ဒီပလိုမာဘွဲ့နှင့်ဂျပန်နိုင်ငံ Satama University မှ Diploma of PolicScience များအား ရရှိခဲ့ပါသည်။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနတွင်ညွှန်ကြားရေးမှူးချုပ်တာဝန်အား၂၀၁၅ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ တာဝန်ထမ်း ဆောင်ခဲ့ပြီး၂၀၁၈ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါသည်။ အစိုးရဝန်ထမ်းအဖြစ် လုပ်သက်၃၇နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လ မှ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလထိ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်အကြံပေးအဖြစ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ပါ သည်။