logo
  • EnglishEnglish
  • MyanmarMyanmar

Links

Complaint

  • ပင်မစာမျက်နှာ
  • SECM အကြောင်း
  • ဥပဒေများ
  • ဗဟုသုတ
    နှစ်ပတ်လည်အစီရင်ခံစာသတင်းလွှာအခြား
  • ကုမ္ပဏီများ
  • အကြံပြုရန်
  • ဈေးကွက်
  • ရင်းနှီးမြှုပ်နှံသူများ
    နိုင်ငံသားရင်းနှီးမြှုပ်နှံသူများနိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ
  • ပင်မစာမျက်နှာ
  • »
  • ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်

နောက်ခံသမိုင်း

ကော်မရှင်စတင်ဖွဲ့စည်းခြင်း

၁။        မြန်မာနိုင်ငံတွင်အရင်းအနှီးစျေးကွက်တစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စျေးကွက်၌ ရင်းနှီးမြှုပ်နှံမည့် အများပြည်သူ များအား ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် နှင့် ငွေချေးသက်သေခံလက်မှတ်စျေးကွက်၌ ပါဝင်ဆောင်ရွက်ကြမည့် ငွေချေးသက်သေခံ လက်မှတ်များ ထုတ်ဝေမည့် အများပိုင်ကုမ္ပဏီများ၊ စတော့အိတ်ချိန်းနှင့်ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများအား စည်းမျဉ်း၊ စည်းကမ်း များဖြင့် စနစ်တကျ ကွပ်ကဲထိန်းကျောင်းနိုင်ရန်အတွက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ (၂၀/၂၀၁၃) ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ ၃၁ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။

၂။        ပြည်ထောင်စုအစိုးရအဖွဲ့သည် ယင်းဥပဒေ အခန်း(၃) ပုဒ်မ-၄ အရ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်(၇)ဦး ပါဝင်သော“ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်” (Securities and Exchange Commission of Myanmar) ကို ၁၉-၈-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၁၄)ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များဖြင့် ဖွဲ့စည်းခဲ့ပါသည်။

(၁)     ဒေါက်တာမောင်မောင်သိမ်း (ဥက္ကဋ္ဌ)

(၂)     ဒေါက်တာတင်လှကြည် (အဖွဲ့ဝင်)

(၃)     ဒေါ်ခင်လေးမြင့် (အဖွဲ့ဝင်)

(၄)     ဦးဌေးချွန် (အဖွဲ့ဝင်)

(၅)     ဒေါ်တင်ကြည်ဦး (အဖွဲ့ဝင်)

(၆)     ဒေါ်တင်မေဦး (အဖွဲ့ဝင်)

(၇)     ညွှန်ကြားရေးမှူးချုပ် (အတွင်းရေးမှူး)

၃။    ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းသည် ၁-၅-၂၀၁၆ ရက်နေ့မှစ၍ နှုတ်ထွက် ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ၇-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၁၆) ဖြင့် ငွေချေဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းသည် ၁-၅-၂၀၁၆ ရက်နေ့မှစ၍ နှုတ်ထွက် ခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၇-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၁၆)ဖြင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းအား ခန့်အပ် တာဝန်ပေးခဲ့ပါသည်။ ငွေချေးသက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေ-၁၂ အရ အနားယူခဲ့သော ကော်မရှင်အဖွဲ့ဝင် ဒေါ်တင်ကြည်ဦးအစား စာရင်းစစ်ချုပ်ရုံးမှ ဦးသိန်းမြင့် (ဒုတိယညွှန်ကြားရေး မှူးချုပ် (ငြိမ်း) စာရင်းစစ်ချုပ်ရုံး)အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၆-၂-၂၀၁၇ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁၂/၂၀၁၇ ဖြင့် ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။ ထို့ပြင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေ-၁၂အရ အနားယူခဲ့သော ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ တင်လှကြည်အစား ဒေါ်နွဲ့နွဲ့ဝင်း (ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ရသုံးမှန်းခြေငွေစာရင်းဉီးစီးဌာန)အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁-၄-၂၀၂၁ ရက် စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၉၁/၂၀၂၁ ဖြင့် ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။

၄။    ထို့နောက်  ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးနည်းဥပဒေ  ၁၂  အရ အနားယူခဲ့သော  ကော်မရှင်အဖွဲ့ဝင်  ဒေါ်တင်မေဦး  အစား  ဒေါ်တင်တင်အုန်း ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးအား လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန် အစား ဒေါ်သင်းသင်းအေး ၊ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေရေးရာဝန်ကြီးဌာန (ယခင် ပြည်ထောင်စုရှေ့နေချုပ်ရုံး) အား လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ‌ဒေါ်ခင်လေးမြင့် အစား ဒေါက်တာလေးကြည် ဒုတိယပါမောက္ခချုပ်  (ငြိမ်း)  ရန်ကုန်စီးပွားရေးတက္ကသိုလ် အားလည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ၉-၁၁-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀၅/၂၀၂၂ ဖြင့် ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။

၅။     လက်ရှိကော်မရှင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)     ဦးမောင်မောင်ဝင်း (ဥက္ကဋ္ဌ)

(၂)      ဦးသိန်းမြင့် (အဖွဲ့ဝင်)

(၃)     ဒေါ်နွဲ့နွဲ့ဝင်း (အဖွဲ့ဝင်)

(၄)     ဒေါ်တင်တင်အုန်း (အဖွဲ့ဝင်)

(၅)     ဒေါ်သင်သင်းအေး (အဖွဲ့ဝင်)

(၆)     ဒေါက်တာလေးကြည် (အဖွဲ့ဝင်)

(၇)     ဦးကြည်ဇင်ထွန်း (အတွင်းရေးမှူး)

မူဝါဒ

၆။     မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ငွေချေးသက်သေခံလက်မှတ်ဈေးကွက်နှင့် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ကို တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်စေပြီး လှည့်လည်သုံးစွဲငွေများမှ ရင်းနှီးငွေ အဖြစ် ပြောင်းလဲစေခြင်းဖြင့် ငွေဖောင်းပွမှုနှုန်းကို လျော့ကျစေရန်၊

(ခ)  အစိုးရငွေတိုက်စာချုပ်သာမက မြူနီစပယ်နှင့် ကော်ပိုရိတ်ငွေချေးစာချုပ်များ တိုးချဲ့ထုတ်ဝေ နိုင်ရေး အတွက် ပံ့ပိုးပေးရန်၊

(ဂ)   ငွေချေးစာချုပ်ရောင်းဝယ်သည့်ဈေးကွက် (Secondary or Trading Market) ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆောင်ရွက်ရန်။

ရည်မှန်းချက်

၇။     ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   အစုရှယ်ယာဈေးကွက်နှင့် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုး တိုးတက်မှု ပိုမိုကျယ်ပြန့်ရေး ဆောင်ရွက်ရန်၊

(ခ)  ပြည်သူလူထုအနေဖြင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊

(ဂ)  အများနှင့်သက်ဆိုင်သောကုမ္ပဏီများမှ အများပြည်သူသို့အစုရှယ်ယာရောင်းချခြင်းဖြင့်လုပ်ငန်း အတွက် လိုအပ်သည့် ငွေအရင်းအနှီးများ အလွယ်တကူ ရရှိကာလုပ်ငန်းများ ပိုမိုတိုးချဲ့၍ အလုပ် အကိုင်အခွင့်အလမ်းများ တိုးပွားလာ စေရန်။

အဓိကလုပ်ငန်းတာဝန်များ

၈။    ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးသည် အောက်ပါ လုပ်ငန်း တာဝန်များအား ဆောင်ရွက်လျက်ရှိပါသည်-

(က)    ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း။

(ခ )    စတော့အိပ်ချိန်း တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခြင်း။

(ဂ )    စာရင်းမဝင်သော ငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်ရေး အတွက် ကောင်တာစျေးကွက်တည်ထောင်ရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း။

(ဃ)    ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခြင်းအပြင် အခါအား လျော်စွာ စုံစမ်းမှုနှင့် စစ်ဆေးမှုများ ပြုလုပ်ခြင်း။

(င )   အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ၊ ကောင်တာစျေးကွက်၊ စတော့အိပ်ချိန်း နှင့် ယင်းအဖွဲ့အစည်းများ ၏ တာဝန် ရှိသူ၊ အဖွဲ့ဝင်၊ ဝန်ထမ်းနှင့်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူ(သို့မဟုတ်) ဆောင်ရွက်ခဲ့ဖူးသူ၊ လိုင်စင်ရရှိသူ (သို့မဟုတ်) ယင်း လိုင်စင်ရရှိသူ၏ ရှေ့နေ၊ စာရင်းစစ်နှင့်ကိုယ်စားလှယ်တို့၏ လုပ်ငန်းဆိုင်ရာစာရင်းများကို သက်ဆိုင်ရာ မြန်မာနိုင်ငံ စာရင်းကိုင်စံများနှင့်အညီ စာရင်းထိန်းသိမ်းစေရန် ကြီးကြပ်ရမည့်အပြင်ထပ်မံလိုအပ်သောစာရင်းများ၊ စာရွက်စာတမ်းများ၊ ရှင်းတမ်းများ၊ အခြား အထောက်အထားများ နှင့် သတင်းအချက်အလက်များကို တောင်းခံရယူခြင်း။

(စ)    ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် သုတေသန နှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း ကို လည်းကောင်း၊ နိုင်ငံတကာမှ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကို ကြီးကြပ် သော အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းတို့နှင့် ဆက်နွယ်သောလုပ်ငန်းများ၊ ဌာန၊ အဖွဲ့အစည်းများ နှင့် ဆက်သွယ်ခြင်း။

(ဆ)    ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးအပ်သောလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။

ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နိုင်ခဲ့မှုများ

၉။   ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးသည် အောက်ပါ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်-

(က)   ၂- ၄-၂၀၁၅  ရက်နေ့တွင်  ရန်ကုန်စတော့အိပ်ချိန်းဖက်စပ်ကုမ္ပဏီလီမိတက်ကို စတော့အိပ်ချိန်း လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုခဲ့ပါသည်။

(ခ)  ရန်ကုန်စတော့အိပ်ချိန်း (YSX)  ၏ ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်မှု ဆိုင်ရာ လုပ်ဆောင်ချက်များအတွက်ငွေပေးချေစာရင်းရှင်းလင်းမှု ဆောင်ရွက်မည့်   ဘဏ်ရွေးချယ်ရန် “စံ”သတ်မှတ်ချက်များကို နိုင်ငံပိုင် သတင်းစာများ၌ ၁၁-၃-၂၀၁၅  ရက်စွဲပါ ကြေညာချက်အမှတ် (၃/၂၀၁၅) ဖြင့် ထုတ်ပြန်ကြေညာပြီး “စံ”များ နှင့် ညီညွတ်သည့် ကမ္ဘောဇဘဏ်အား Settlement အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ပါသည်။

(ဂ)     ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေပုဒ်မ၇ပုဒ်မခွဲ(က)အရ ငွေချေး သက် သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (၆)ခု ဖြစ်သည့် KBZ Stirling Coleman Securities Co.,Ltd နှင့် Myanmar Securities Exchnage Centre တို့အား ၂၆-၂-၂၀၁၆ ရက်နေ့တွင်လည်းကောင်း၊ AYA Trust Securities Co.,Ltd၊ CB Securities Co.,Ltd  နှင့် KTZ Ruby Hill Securities Co.,Ltdတို့အား ၁-၃-၂၀၁၆ ရက်နေ့တွင် လည်းကောင်း နှင့် Amara Investment Securities Co.,Ltdအား ၂၀-၁၁-၂၀၁၆ ရက်နေ့တွင် လည်းကောင်း   ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တဆင့်ဖြန့်ချိရောင်းချခြင်း လိုင် စင်များအသီးသီး ထုတ်ပေးခဲ့ပြီး ACE Investment Advisory Co.,Ltd အား ၁၂-၇-၂၀၁၈ ရက်နေ့တွင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အကြံဉာဏ်ပေးခြင်းလုပ်ငန်းလိုင်စင်ထုတ်ပေးခဲ့ပါသည်။

(ဃ)   ရန်ကုန်စတော့အိပ်ချိန်းဖွင့်ပွဲအခမ်းအနားကို ၉-၁၂-၂၀၁၅ ရက်နေ့တွင်ကျင်းပ ခဲ့ပါသည်။

(င )    ရန်ကုန်စတော့အိပ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီများအဖြစ် ဖတ်(စ်)မြန်မာအင်ဗက်(စ်) မဲ့(န်) အများပိုင်ကုမ္ပဏီလီမိတက်ကို ၂၅-၃-၂၀၁၆ ရက်နေ့တွင်လည်းကောင်း၊ မြန်မာသီလဝါအက်(စ်) အီးဇက်ဟိုးဒင်းအများပိုင်ကုမ္ပဏီလီမိတက်ကို ၂၀-၅-၂၀၁၆ ရက်နေ့တွင် လည်းကောင်း၊ မြန်မာနိုင်ငံ သားများဘဏ်လီမိတက်ကို ၂၆-၈-၂၀၁၆ရက်နေ့တွင်လည်းကောင်း၊ ပထမပုဂ္ဂလိကဘဏ် လီမိ တက် ကို၂၀-၁-၂၀၁၇ ရက်နေ့တွင်လည်းကောင်း၊ တီအမ်အိတ်ချ်တယ်လီကွန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို ၂၆-၁-၂၀၁၈ရက်နေ့တွင်လည်းကောင်း အသီးသီးခွင့်ပြုခဲ့ပြီး ရှယ်ယာအရောင်း အဝယ်များ ဆောင်ရွက်လျက်ရှိပါသည်။

(စ )      ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် လိုင်စင်ရငွေချေးသက် သေ ခံလက်မှတ်ကုမ္ပဏီများမှဝန်ထမ်းများနှင့်ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းအပေါ်စိတ်ပါဝင် စားသူများအား ငွေချေးသက်သေခံလက်မှတ်ကိုယ်စားလှယ်လုပ်ငန်း လိုင်စင်ပထမအကြိမ် စာမေး ပွဲအား ၆-၂-၂၀၁၆ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်စာမေးပွဲအား ၁၄-၅-၂၀၁၆ ရက် နေ့ တွင် လည်းကောင်းနှင့် တတိယအကြိမ်စာမေးပွဲအား ၂၈-၁၁-၂၀၁၈  ရက်နေ့တွင် လည်းကောင်း (၃)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး စာမေးပွဲအောင်မြင်သူ စုစုပေါင်း ၁၂၃ ဉီးအား ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ပါသည်။

(ဆ)   ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အထိ အသိအမှတ်ပြုလက်မှတ် Acknowledgement Certificate ကို အရင်းအနှီးဈေးကွက်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သည့် သင်တန်းကျောင်း(၉)ကျောင်း အား ထုတ်ပေးခဲ့ပါသည်။

(ဇ)   အများနှင့်သက်ဆိုင်သောကုမ္ပဏီများ၏ အလားအလာညွှန်းတမ်း ရေးသား ပြုစုရာတွင် ရင်းနှီးမြှုပ်နှံမည့်သူများ သိရှိရမည့် သတင်းအချက်အလက် မျာ ပြည့်စုံစွာပါရှိရန် အတွက် အလားအလာညွှန်းတမ်းပုံစံ အား DICA၊ MAC တို့နှင့် ညှိနှိုင်းဆွေးနွေး၍ ထုတ်ပြန်ပေးခဲ့ပါသည်။

 

 

 

 

 

 

 

ဆက်သွယ်ရန်

လိပ်စာ : အမှတ်(၂၁-၂၅)၊ မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး)၊ ဒုတိယနှင့် တတိယထပ်၊ ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ် : ၀၁ - ၃၇၃၉၅၉
၀၁ - ၃၈၆၆၀၉
ဖက်စ်ဖုန်းနံပါတ် : ၀၁ - ၃၇၀၁၀၀
အီးမေးလ် : secm.myanmar@gmail.com

© Copyright 2023 SECM. All rights reserved.

Sign Up

For those who interested in providing information for Securities and Exchange Commission(SECM)
Please read the below “Instructions” and agree with the contents before providing for SECM.

  1. SECM requires information regarding manipulations and misconducts on specific stocks or by securities companies.
  2. SECM will not respond to any queries about progress or result of investigation regarding your information.
  3. SECM need to conduct the investigation of unfair trading in accordance with Securities Exchange Law and any prohibition contained in the rules, regulations, by laws, notification, offers, directive and procedures issued under this Law.
  4. Your information will be used for investigation and inspection in accordance with the Section 14 of the Securities Exchange Law.
  5. SECM takes all possible responsibility to manage secrets concerning personal information providers of the content of information provided.
  6. In detecting, investigating and prosecuting manipulative activity, SECM shares your information to cooperate with law enforcement, banking and other authorities who may process or have the ability to gather certain information relating to manipulative activity as well as prohibited acts as mentioned in the Section 49 of the Securities Exchange Law.
You must agree with Instruction First.
Next

Sign Up

ကော်မရှင်သို့ သတင်းပေးတိုင်ကြားရန် စိတ်ပါဝင်စားသူများ Sign Up ပြုလုပ်ရန်
ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်ချက်ကို သဘောတူညီပြီးမှသာ ကော်မရှင်သို့ သတင်းပေးပို့ပါရန်။

  • (က) စာရင်းဝင်ကုမ္ပဏီများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ ဈေးကစားခြင်းနှင့် မှားယွင်းစွာ ဆောင်ရွက်ခြင်းတို့နှင့်သက်ဆိုင်သော သတင်းအချက်များအား ကော်မရှင်မှ လိုအပ်ပါသည်။
  • (ခ) ပေးပို့သော သတင်းများ၏ဖြစ်ပေါ် တိုးတက်မှုအခြေအနေနှင့်စုံစမ်းစစ်ဆေးခြင်း၏ ရလာဒ်များကို မေးမြန်း လာပါက ကော်မရှင်မှပြန်လည်ဖြေကြားမည်မဟုတ်ပေ။
  • (ဂ) ကော်မရှင်သည် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးဥပဒေပါ တရားမျှတမှုမရှိ သော ရောင်း ဝယ်မှုများနှင့် ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေးရန် လိုအပ် ပါသည်။
  • (ဃ) လက်ခံရရှိသော သတင်းအချက်အလက်များကို ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ (၁၄)နှင့်အညီ စုံစမ်းစစ်ဆေးရန်အတွက် အသုံးပြုပါမည်။
  • (င) ပေးပို့သော သတင်းအချက်အလက်များ(သို့မဟုတ်) သတင်းပေးပို့သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များကို ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
  • (စ) ကော်မရှင်သည် ဈေးကွက်တည်ငြိမ်မှု ပျက်ပြားစေသည့် လုပ်ရပ်များအား ကာကွယ်တားဆီးရန်၊ စုံစမ်းစစ်ဆေးရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်း ဝယ်ရေးဥပဒေပုဒ်မ(၄၉)ပါ တားမြစ်ချက်များနှင့်အညီ အရေးယူဆောင်ရွက်သည့်အဖွဲ့အစည်းများ၊ ဘဏ် များနှင့် အခြားသော အာဏာပိုင် အဖွဲ့အစည်းများသို့ သတင်းအချက်အလက်များ ဖြန့်ဝေဆောင်ရွက် ပါမည်။
  • You must agree with Instruction First.
    Next