logo
  • EnglishEnglish
  • MyanmarMyanmar

Links

Complaint

  • ပင်မစာမျက်နှာ
  • SECM အကြောင်း
  • ဥပဒေများ
  • ဗဟုသုတ
    နှစ်ပတ်လည်အစီရင်ခံစာသတင်းလွှာအခြား
  • ကုမ္ပဏီများ
  • အကြံပြုရန်
  • ဈေးကွက်
  • ရင်းနှီးမြှုပ်နှံသူများ
    နိုင်ငံသားရင်းနှီးမြှုပ်နှံသူများနိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ
  • Home
  • »
  • နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ

ရန်ကုန်စတော့အိပ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ရာ၌

နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ရန်အတွက်သတင်းအချက်အလက်နှင့်ကိန်းဂဏန်းများ

(နိုင်ငံခြားသားများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ)

ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ (၁/၂၀၁၉) နှင့် ညွှန်ကြားချက် (၁/၂၀၂၀) အရ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့မှစတင်၍ပြည်တွင်း၌နေထိုင်သူနိုင်ငံခြားသားနှင့် ပြည်ပတွင် နေထိုင်သူနိုင်ငံခြားသားတစ်ဦးချင်း နှင့် အဖွဲ့အစည်းများသည် မြန်မာ့အစုရှယ်ယာဈေးကွက်တွင် အရောင်းအဝယ်ပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့ပါသည်။မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပြောင်းလဲ စေခဲ့သော ၂၀၁၆ ခုနှစ် ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပြဋ္ဌာန်း ပြီးနောက်ပိုင်းနိုင်ငံခြားသားများပါဝင်ဆောင်ရွက်ရန်ကန့်သတ်ထားသည့် အချို့သောလုပ်ငန်းများမှ အပ နိုင်ငံခြားသားများကို တန်းတူရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပေးအပ်ထားပါသည်။
မြန်မာ့ငွေချေးသက်သေခံလက်မှတ်ဈေးကွက်သည် ကနဉီးထူထောင်ကာစ ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတဖြည်းဖြည်းတိုးတက်လာမည်မှာမလွဲမသွေဖြစ်ပါသည်။ ကော်မရှင် အနေဖြင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပဈေးကွက်အတွေ့အကြုံရှိပြီး ရင်းနှီး မြှုပ်နှံမှု ဗဟုသုတကြွယ်ဝသောရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လျက်ရှိပါသည်။
အောက်ဖော်ပြပါ အဆင့်များအတိုင်း ရန်ကုန်စတော့အိပ်ချိန်းတွင် အစုရှယ်ယာများ စတင် ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ပါသည်။ အဆုံးတွင်ဖော်ပြထားသည့် ရန်ကုန်စတော့အိပ်ချိန်းနှင့်ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီတစ်ခုခုသို့ဆက်သွယ်ခြင်းဖြင့် ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့် လှစ်ခြင်းနှင့်စပ်လျဉ်းသည့်လုပ်ငန်းစဉ်များကိုစုံစမ်းမေးမြန်းနိုင်ပါသည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများဆောင်ရွက်ရန်အဆင့်များ

အဆင့် ၁

မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသော ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုသို့ လူကိုယ်တိုင်သွားရောက်ရမည်။

အဆင့် ၂

အဆင့် ၁ တွင် ထုတ်ပေးသည့်ထောက်ခံစာနှင့်အတူ မြန်မာနိုင်ငံတွင်လုပ်ငန်း ဆောင်ရွက်နေသော ဘဏ်တစ်ခုတွင် ငွေချေးသက်သေခံလက်မှတ် အရောင်း
အဝယ်ဆောင်ရွက်ရန် ဘဏ်စာရင်းဖွင့်လှစ်ရမည်။ ဖွင့်လှစ်ရန်လိုအပ်သည့် ဘဏ်စာရင်းများမှာအောက်ပါအတိုင်းဖြစ်သည် –
(က) ပြည်တွင်း၌နေထိုင်သူ နိုင်ငံခြားသား တစ်ဦးချင်းပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များအတွက် Resident Kyat Account for Securities (R-KAS)
(ခ) ပြည်ပတွင်နေထိုင်သူ နိုင်ငံခြားသားတစ်ဦးချင်းပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း များအတွက် Nonresident Kyat Account for Securities (N-KAS) နှင့် Nonresident Foreign Currency Account for Securities (N-FAS)

အဆင့် ၃

ထောက်ခံစာထုတ်ပေးသည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ၌ ငွေချေး သက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ရမည်။

(မှတ်ချက်) နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံတွင် ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ် နိုင်ရန် R-KAS သို့မဟုတ် N-KAS နှင့် N-FAS ဘဏ်စာရင်းများ ရှိရန်လိုအပ်ပါသည်။ အဆိုပါ ဘဏ် စာရင်းများဖွင့်လှစ်မည့်နိုင်ငံခြားသားသည် မြန်မာနိုင်ငံရှိငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတစ်ခု မှထောက်ခံစာပါရှိရမည်ဖြစ်ပြီး ဘဏ်စာရင်းကို ရန်ကုန်စတော့အိပ်ချိန်းတွင် ငွေချေးသက်သေခံ လက်မှတ်များရောင်းဝယ်ရန်အတွက်သာ အသုံးပြုရမည်ဖြစ်သည်။ ကော်မရှင်၏ညွှန်ကြားချက် (၁/၂၀၂၀) အရ ငွေချေးသက်သေခံ လက်မှတ်စာရင်းဖွင့်လှစ်နိုင်ရန် လျှောက်ထားသူသည် ငွေချေး သက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ရန်အတွက် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှ သတ်မှတ် ထားသောလုပ်ထုံးလုပ်နည်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၃/၂၀၂၀) နှင့်အခြားညွှန်ကြားချက်များအရ R-KAS သို့မဟုတ် N-KAS နှင့် N-FAS ဘဏ်စာရင်းဖွင့်လှစ် ခွင့်ပြုရန်အတွက် ဘဏ်များထံ ညွှန်ကြားထားသော လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာရမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်လိပ်စာများ

  • YSX
  • KBZ Securities
  • MSEC
  • AYAtrust Securities
  • CB Securities
  • KTzRH Securities
  • UAB Securities

လစဉ်နိုင်ငံခြားသားများ၏ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းအချက်အလက်များ

(ကျပ် သန်း)

 
လ/နှစ် အရင်းအနှီးစီးဝင်ငွေ အရင်းအနှီးစီးထွက်ငွေ အသားတင်စီးဝင်ငွေ
မတ်လ၊ ၂၀၂၀ ပြည့်နှစ် ၄.၄၂၀ – ၄.၄၂၀
ဧပြီလ၊ ၂၀၂၀ ပြည့်နှစ် ၆၁.၂၆၆ – ၆၁.၂၆၆
မေလ၊ ၂၀၂၀ ပြည့်နှစ် ၄၀.၉၂၀ – ၄၀.၉၂၀
ဇွန်လ၊ ၂၀၂၀ ပြည့်နှစ် ၆၁.၂၉၁ – ၆၁.၂၉၁
ဇူလိုင်လ၊ ၂၀၂၀ ပြည့်နှစ် ၁၄.၆၉၉ – ၁၄.၆၉၉
သြဂုတ်လ၊ ၂၀၂၀ ပြည့်နှစ် ၇၃.၀၀၅ – ၇၃.၀၀၅
စက်တင်ဘာလ၊ ၂၀၂၀ ပြည့်နှစ် ၆.၈၄၇ ၀.၂၉၄ ၆.၅၅၃
အောက်တိုဘာလ၊ ၂၀၂၀ ပြည့်နှစ် ၁.၃၂၂ ၁.၃၂၂
နိုဝင်ဘာလ၊ ၂၀၂၀ ပြည့်နှစ် ၁၅.၄၈၈ ၁၅.၄၈၈
ဒီဇင်ဘာ လ၊ ၂၀၂၀ ပြည့်နှစ် ၃.၁၆၉ ၆.၃၆၃ (၃.၁၉၄)

ဆက်သွယ်ရန်

လိပ်စာ : အမှတ်(၂၁-၂၅)၊ မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး)၊ ဒုတိယနှင့် တတိယထပ်၊ ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ် : ၀၁ - ၃၇၃၉၅၉
၀၁ - ၃၈၆၆၀၉
ဖက်စ်ဖုန်းနံပါတ် : ၀၁ - ၃၇၀၁၀၀
အီးမေးလ် : secm.myanmar@gmail.com

© Copyright 2023 SECM. All rights reserved.

Sign Up

For those who interested in providing information for Securities and Exchange Commission(SECM)
Please read the below “Instructions” and agree with the contents before providing for SECM.

  1. SECM requires information regarding manipulations and misconducts on specific stocks or by securities companies.
  2. SECM will not respond to any queries about progress or result of investigation regarding your information.
  3. SECM need to conduct the investigation of unfair trading in accordance with Securities Exchange Law and any prohibition contained in the rules, regulations, by laws, notification, offers, directive and procedures issued under this Law.
  4. Your information will be used for investigation and inspection in accordance with the Section 14 of the Securities Exchange Law.
  5. SECM takes all possible responsibility to manage secrets concerning personal information providers of the content of information provided.
  6. In detecting, investigating and prosecuting manipulative activity, SECM shares your information to cooperate with law enforcement, banking and other authorities who may process or have the ability to gather certain information relating to manipulative activity as well as prohibited acts as mentioned in the Section 49 of the Securities Exchange Law.
You must agree with Instruction First.
Next

Sign Up

ကော်မရှင်သို့ သတင်းပေးတိုင်ကြားရန် စိတ်ပါဝင်စားသူများ Sign Up ပြုလုပ်ရန်
ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်ချက်ကို သဘောတူညီပြီးမှသာ ကော်မရှင်သို့ သတင်းပေးပို့ပါရန်။

  • (က) စာရင်းဝင်ကုမ္ပဏီများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ ဈေးကစားခြင်းနှင့် မှားယွင်းစွာ ဆောင်ရွက်ခြင်းတို့နှင့်သက်ဆိုင်သော သတင်းအချက်များအား ကော်မရှင်မှ လိုအပ်ပါသည်။
  • (ခ) ပေးပို့သော သတင်းများ၏ဖြစ်ပေါ် တိုးတက်မှုအခြေအနေနှင့်စုံစမ်းစစ်ဆေးခြင်း၏ ရလာဒ်များကို မေးမြန်း လာပါက ကော်မရှင်မှပြန်လည်ဖြေကြားမည်မဟုတ်ပေ။
  • (ဂ) ကော်မရှင်သည် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးဥပဒေပါ တရားမျှတမှုမရှိ သော ရောင်း ဝယ်မှုများနှင့် ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေးရန် လိုအပ် ပါသည်။
  • (ဃ) လက်ခံရရှိသော သတင်းအချက်အလက်များကို ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပုဒ်မ (၁၄)နှင့်အညီ စုံစမ်းစစ်ဆေးရန်အတွက် အသုံးပြုပါမည်။
  • (င) ပေးပို့သော သတင်းအချက်အလက်များ(သို့မဟုတ်) သတင်းပေးပို့သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များကို ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
  • (စ) ကော်မရှင်သည် ဈေးကွက်တည်ငြိမ်မှု ပျက်ပြားစေသည့် လုပ်ရပ်များအား ကာကွယ်တားဆီးရန်၊ စုံစမ်းစစ်ဆေးရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်း ဝယ်ရေးဥပဒေပုဒ်မ(၄၉)ပါ တားမြစ်ချက်များနှင့်အညီ အရေးယူဆောင်ရွက်သည့်အဖွဲ့အစည်းများ၊ ဘဏ် များနှင့် အခြားသော အာဏာပိုင် အဖွဲ့အစည်းများသို့ သတင်းအချက်အလက်များ ဖြန့်ဝေဆောင်ရွက် ပါမည်။
  • You must agree with Instruction First.
    Next