ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်
ကော်မရှင်စတင်ဖွဲ့စည်းခြင်း
၁။ မြန်မာနိုင်ငံတွင် အရင်းအနှီးစျေးကွက်တစ်ရပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စျေးကွက်၌ ရင်းနှီးမြှုပ်နှံမည့် အများပြည်သူများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် နှင့် ငွေချေးသက်သေခံလက်မှတ်စျေးကွက်၌ ပါဝင်ဆောင်ရွက်ကြမည့် ငွေချေးသက်သေခံ လက်မှတ်များ ထုတ်ဝေမည့် အများပိုင်ကုမ္ပဏီများ၊ စတော့အိတ်ချိန်းနှင့် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများအား စည်းမျဉ်း၊ စည်းကမ်းများဖြင့် စနစ်တကျ ကွပ်ကဲထိန်းကျောင်းနိုင်ရန်အတွက် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ (၂၀/၂၀၁၃) ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ ၃၁ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။
၂။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ယင်းဥပဒေ အခန်း(၃) ပုဒ်မ-၄ အရ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်(၇)ဦး ပါဝင်သော“ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်” (Securities and Exchange Commission) ကို ၁၉-၈-၂၀၁၄ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၆၄/၂၀၁၄)ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ ပါသည်။
ဒေါ်ခင်လေးမြင့်သည်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Econ(စာရင်း အင်းပညာ)ဘွဲ့၊မြန်မာနိုင်ငံစာရင်းကောင်စီ(MAC)မှစာရင်းကိုင်ဒီပလိုမာ နှင့်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှစီးပွားရေးစီမံကိန်းရေးဆွဲခြင်းဒီပလိုမာ များအားရရှိခဲ့ပါသည်။သူမသည်ဘဏ္ဍာရေးဝန်ကြီ:ဌာန၊ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနတွင်အနှစ်(၄၀)ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချူပ်တာဝန်မှ အငြီမ်းစားယူခဲ့ပါသည်။
ဦ:ဌေးချွန်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Econ (စာရင်းအင်း ပညာ)ဘွဲ့နှင့်စီးပွားရေးစီမံကိန်းရေးဆွဲခြင်းဒီပလိုမာအားရရှိခဲ့ပြီးပညာရေး ဝန်ကြီးဌာနမှအသိအမှတ်ပြုဥပဒေအကျိုးဆောင်လက်မှတ်အားရရှိခဲ့ ပါသည်။ ရင်းနှီ:မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီးအငြိမ်းစားယူခဲ့ ပါသည်။အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦ:စီးဌာနတွင်လုပ်သက်(၂၂)နှစ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦ:စီးဌာန(DICA)တွင် လုပ်သက်(၁၆)နှစ် စုစုပေါင်းလုပ်သက်(၃၈)နှစ် အစိုးရဝန်ထမ်းအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဦ:သိန်းမြင့်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Com (IT)ဘွဲ့ကို ရရှိခဲ့ပြီးလက်မှတ်ရပြည်သူ့စာရင်းကိုင်(CPA)တစ်ယောက်ဖြစ်ပါသည်။ သူသည် စာရင်းစစ်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်နှင့် ရှမ်းပြည် နယ်စာရင်းစစ်ချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့ပါသည်။ ပြည်သူပိုင်ကဏ္ဍ စာရင်းစစ်အဖြစ် (၄၂)နှစ်ကြာ အတွေ့အကြုံရှိပါသည်။သူသည်နယ်သာလန် နိုင်ငံမားတရစ်ချ်မြို့ နိုင်ငံတကာစီမံခန့်ခွဲမှုပညာကျောင်းမှ Diploma in Managerial Control and Management Information Systems ကိုလည်းရရှိထားပါသည်။
ဒေါ်တင်မေဦးသည်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Econ(စိုက်ပျိုးရေး ဘောဂဗေဒ)ဘွဲ့နှင့် နယ်သာလန်နိုင်ငံ The Hague မြို့၊ Institute of Social Studies မှ MDS မဟာဖွံ့ဖြိုးတိုးတက်မှုဘွဲ့ ရရှိခဲ့ပါသည်။ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနတွင်(၂၇) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှ စတင်၍ Myanmar Securities Exchange Center Co.,Ltd. (MSEC) တွင် မြန်မာနိုင်ငံအရင်းအနှီး စျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး စတင်ဆောင်ရွက်ခဲ့ပါသည်။ ငွေချေးသက်သေခံလက်မှတ် များလဲလှယ်ရောင်းဝယ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ပြုစုရာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ဉီးကြည်ဇင်ထွန်း သည် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့(ရူပဗေဒ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့နှင့် စီးပွားရေးပညာဘွဲ့လွန်ဒီပလိုမာကို လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီမှ စာရင်းကိုင်ဒီပလိုမာဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံးတွင် ၁၉၉၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ ဒုတိယရုံးအဖွဲ့မှူး၊ လက်ထောက်အတွင်းဝန် ရာထူးတာဝန်များကို လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ ပင်စင်ဉီးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၁၆ခုနှစ်မှ၂၀၂၀ပြည့်နှစ်အထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့မှစ၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးတွင် ညွှန်ကြားရေးမှူးချုပ် နှင့် ကော်မရှင်အတွင်းရေးမှူး အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဒေါ်နွဲ့နွဲ့ဝင်းသည်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှB.Com(ဝါဏိဇ္ဇဗေဒ)ဘွဲ့၊ မြန်မာနိုင်ငံ စာရင်း ကောင်စီ မှ စာရင်းကိုင် ဒီပလိုမာ၊ ပညာရေးဝန်ကြီးဌာနမှ မှတ်ပုံတင်ရှေ့နေ၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ ဒီပလိုမာဘွဲ့နှင့်ဂျပန်နိုင်ငံ Satama University မှ Diploma of PolicScience များအား ရရှိခဲ့ပါသည်။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနတွင်ညွှန်ကြားရေးမှူးချုပ်တာဝန်အား၂၀၁၅ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ တာဝန်ထမ်း ဆောင်ခဲ့ပြီး၂၀၁၈ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါသည်။ အစိုးရဝန်ထမ်းအဖြစ် လုပ်သက်၃၇နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လ မှ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလထိ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်အကြံပေးအဖြစ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ပါ သည်။