ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၈/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၈/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးအား ၂၀-၉-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁:၃၀ တွင် ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ကော်မရှင်၏ လက်ရှိဆောင်ရွက်ချက်များ၊ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား မွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ