ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂:၀၀ တွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်းများကိုလိုက်နာပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်သွားရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများကိုရှင်းလင်းကြပြီး ရေစီးရေလာကောင်းမွန်စေရေး လုပ်ဆောင်သွားကြရန်လိုကြောင်း၊ မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ဝန်ထမ်းကြို/ပို့ယာဉ်များ မောင်းနှင်ကြသည့် ယာဉ်မောင်းများအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အလေးထားလိုက်နာသွားကြရန်လိုကြောင်း ပြောကြားကာအခမ်းအနားကို မွန်းလွဲ ၂:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ