ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနား (ဒါဘာ) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့် ရုံးစာရေးသားရာတွင်စနစ်တကျရေးသားကြရန်နှင့် ရုံးလုပ်ငန်းလက်စွဲပါအတိုင်းရေးသားကြရန်၊ နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ဝန်ထမ်းများကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာ၍ မီးဘေးအန္တရာယ်ကိုဂရုစိုက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့်ဝတ်စုံစရိတ်ကို ညွှန်ကြားရေးမှူးချုပ်ကပေးအပ်ခဲ့ရာ ဝန်ထမ်းများကိုယ်စားညွှန်ကြားရေးမှူးတစ်ဦးက လက်ခံရယူခဲ့ပြီး အခမ်းအနားကိုမွန်းလွဲ ၃:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ