ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတည်ထောင်ခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူပွဲကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး တည်ထောင်ခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ၁၉-၂-၂၀၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ အမျိုးသားသွေးလှူဘဏ်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ တက်ရောက်ပြီး အရာထမ်း၊အမှုထမ်း (၁၀) ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပါသည်။

သွေးလှူဒါန်းခဲ့ကြသော အရာထမ်း၊အမှုထမ်းများအား အာဟာရအားဖြည့်အချိုရည်နှင့် အာဟာရပစ္စည်းများကို တာဝန်ရှိသူများကပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ