ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ရာသီကူးပြောင်းချိန်ဖြစ်၍ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော ရာသီတုတ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ဝန်ထမ်းများအနေဖြင့် ဂရုစိုက်ကြရန်လိုကြောင်း၊ ခြင်၊ယင်ပေါက်ဖွားမှုမရှိစေရေးအတွက် ဝန်ထမ်းအိမ်ရာဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများကိုရှင်းလင်းကြရန်၊ အမှိုက်များကိုစနစ်တကျစွန့်ပစ်ကြရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် ပလတ်စတစ်အသုံးပြုမှုများကို တတ်နိုင်သမျှလျှော့ချသုံးစွဲကြရန်မှာကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနအသီးသီးမှညွှန်ကြားရေးမှူးများက လိုအပ်သည်များကိုဆွေးနွေးခဲ့ကာ အခမ်းအနားကို မွန်းလွဲ ၂:၀၀ တွင်ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ