ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများ၏ ၂၀၂၃ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ နံနက် ၁၀:၃၀ တွင် ကော်မရှင်ရုံး၌ ကျင်းပခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကာ မရမ်းကုန်းမြို့နယ်၊ ဝိဇယရာမကျောင်းတိုက် သံဃာတော် (၅) ပါးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မရှင်အဖွဲ့ဝင်များမှ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် သံဃာတော်(၅) ပါးအား နေ့ဆွမ်းကပ်လှူပြီး အခမ်းအနားသို့ကြွရောက်လာကြသည့် ဧည့်သည်တော်များနှင့်ဝန်ထမ်းမိသားစုများကို နေ့လယ်စာဖြင့် ဧည့်ခံခဲ့ပါသည်။

နောက်ဆုံးရသတင်းများ