ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများရှိပါက ညွှန်ကြားရေးမှူးချုပ်ထံတင်ပြရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာတွင်နေထိုင်လျက်ရှိသော ဝန်ထမ်းများအနေဖြင့်နေထိုင်သူစာရင်းများအား ပြုစုထားကြရန်နှင့်ဧည့်စာရင်းပုံမှန်တိုင်ကြားကြရန်လိုကြောင်း မှာကြားခဲ့ကာအခမ်းအနားကို မွန်းလွဲ ၃:၀၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ