ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ၃/၂၀၂၄ အစည်အဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ၃/၂၀၂၄ အစည်အဝေးကျင်းပ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ၃/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မိမိတို့ကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက်တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ၊ မှတ်ပုံတင်အကြံပေးများ၊ ရင်းနှီးမြှုပ်နှံမှုအကြံပေးများ၊ စာရင်းဝင်ကုမ္ပဏီ၊ အများပိုင် ကုမ္ပဏီများကို ဥပဒေ၊နည်းဥပဒေများပါ ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊မရှိကို စောင့်ကြပ်ကွပ်ကဲသွားရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့် မညီညွှတ်သည့်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကြိုတင်သိရှိ၍ ကြိုတင်ထိန်းကြောင်း တားဆီးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူအခက်အခဲများရှိလာပါက ကော်မရှင်အနေဖြင့် ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းတွင် Main Board အပြင် ဒုတိယဈေးကွက်ဖြစ်သော စာရင်းဝင်အကြို ဈေးကွက် Pre Listing Board-PLB ပါ တည်ထောင်ပြီး ဖြစ်သည့်အတွက် မကြာမီကာလတွင် စာရင်းဝင်အကြိုဈေးကွက်၌ မှတ်ပုံတင် ကုမ္ပဏီများ ဝင်ရောက် လာမည်ဖြစ်သည့်အတွက် ကြီးကြပ်ဆောင်ရွက်မှုအပိုင်းကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် မိမိတို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကဏ္ဍတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ရေးသက်ဆိုင်ရာ သတင်းပို့အဖွဲ့အစည်းများအား တွန်းအားပေးဆောင်ရွက်သွားရန်လိုကြောင်း စသည်ဖြင့် ပြောကြား ပါသည်။ ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၂/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြပြီး အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်း ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများအား နေ့စဉ်ရောင်းဝယ် လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူဦးရေ (၄၆,၁၉၁)ဦးရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင် ကုမ္ပဏီ(၈)ခု၏ ရှယ်ယာစုစုပေါင်း (၄.၄၉၈)သန်း၊ တန်ဖိုးကျပ် (၁၁.၇၄၁) ဘီလီယံ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် (၆၇၇.၁၀၉) ဘီလီယံရှိပြီး မကြာမီကာလတွင် ဒုတိယဈေးကွက် (Pre Listing Board)၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာ မည်ဖြစ်ကြောင်း ကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ