အရာထမ်းငယ်များ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃)

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ အရာထမ်းငယ်များလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀:၃၀ အချိန်တွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းကအဖွင့်အမှာစကားပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ယခုကဲ့သို့လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကော်မရှင်ရုံးအနေဖြင့် စည်းမျဉ်းစည်းကမ်းထိန်းကျောင်းသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ကော်မရှင်ရုံးမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို သင်တန်းသားများက နားလည်စေရန်နှင့် ဆက်စပ်ဥပဒေများကိုလည်းတတ်ကျွမ်းစေရန်၊ အတွေ့အကြုံရှိသည့် ကော်မရှင်အဖွဲ့ဝင်များက သင်ကြားပို့ချသွားမည့်အတွက် သင်တန်းသားများအနေဖြင့် ကောင်းမွန်စွာလေ့လာသင်ယူကြရန်၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများကလည်းလုပ်ငန်းနယ်ပယ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပို့ချသွားမည်ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်သည့်အခါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်တွေ့လုပ်ငန်းခွင်တွင်အကျိုးရှိစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အရာထမ်းငယ်များလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း၊အမှုထမ်းနှင့် သင်တန်းသား၊သင်တန်းသူစုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊သင်တန်းသူစုစုပေါင်း (၁၈) ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာရက်သတ္တ (၁၅) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ