ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှကြီးမှူး၍ ငွေချေးသက်သေခံလက်မှတ်ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်အတွက် ပထမအကြိမ်သင်တန်းဖွင့်လှစ်ခြင်း

ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ပုဒ်မ၂ရအရငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှ ဝန်ထမ်းများအနေဖြင့်ငွေချေးသက်သေခံလက်မှတ်ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်ရရှိရန်အတွက် အရည်အချင်းစစ်စာမေးပွဲဖြေဆိုရမည်ဖြစ်ပါသည်။ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဌ၊ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းသည် အဆိုပါ စာမေးပွဲအတွက်ကြိုတင်လေ့လာရန် လိုအပ်သောဘာသာရပ်များအား (၆-
၂-၂၀၁၆) ရက်နေ့နှင့် (၇-၂-၂၀၁၆) ရက်နေ့များတွင် ရန်ကုန်စတော့အိတ်ချိန်းခန်းမ၌ ပထမအကြိမ်သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ သင်တန်းသား(၆၇)ဦး တက်ရောက်
ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ