လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် အသိအမြင်ဖွင့်သင်တန်းကျင်းပပြုလုပ်

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သော အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် Knowledge Sharing Program ဖွင့်ပွဲအခမ်းအနားကို ၁၈-၁၀-၂၀၂၂ ရက်နေ့တွင် SECM အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်‌ရေးကော်မရှင် အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်မြင့်မြင့်ရီမှ “ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေး ဥပဒေနှင့်နည်းဥပဒေများတွင် ပါဝင်သည့်
စာရင်းစစ်များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်တင်ပြခဲ့ပြီး အဆိုပါသင်တန်းသို့ ကော်မရှင်ရုံးဝန်ထမ်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ Knowledge Sharing Program ကို ၁၉-၁၀-၂၀၂၂ ရက်နေ့နှင့် ၂၀-၁၀-၂၀၂၂ ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသိန်းမြင့်က “The Role of Investment Ethics in Securities Industry” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ဝန်ထမ်း (၃၆) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ